Friday, February 3, 2017

မြောက်ဦးမြို့၌ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်



Image may contain: 4 people, people standing, people sitting and indoor
မြောက်ဦး ဖေဖော်ဝါရီ ၂
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦးမြို့အတွင်းရှိ လက်ကောက်ဈေးရပ်ကွက် ကန်ချေစုရပ်တွင် မီးလောင်မှုကြောင့် နေအိမ်များပျက်စီးဆုံးရှုံး၍ လက်ကောက်ဈေး ဘုန်းတော်ကြီးကျောင်းတိုက်ဓမ္မာရုံအတွင်း ယာယီနေထိုင်လျက်ရှိသော မီးဘေးသင့်ဒုက္ခသည်မိသားစုဝင်များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၁ ရက်က ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထောက်ပံ့ပေးအပ်
ထို့နောက် မီးလောင်ဆုံးရှုံးမှုကြောင့် အိုးအိမ်များပျက်စီးခဲ့ရသော မီးဘေးသင့်ပြည်သူများအတွက် မြောက်ဦးမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မီးလောင်မှုကြောင့် မီးဘေးသင့် ဒုက္ခသည်အိမ်ထောင်စု တစ်စုလျှင် ပလတ်စတစ်မိုးကာ သုံးခု၊ ကြိုးခွေ ခြောက်ခွေ၊ သောက်ရေဘူး တစ်ဘူးတို့အား မီးဘေးသင့်အိမ်ထောင်စု ၁၄ စုအတွက် ပလတ်စတစ်မိုးကာစ ၄၂ ချပ်၊ ကြိုးခွေ ၈၄ ခွေနှင့် ရေဘူး ၁၄ ဘူးတို့ကို မြို့နယ်ကျေးလက်ဦးစီးမှူး ဦးနိုင်လင်းထွန်းနှင့် လက်ကောက်ဈေး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ညွန့်တို့က မီးဘေးသင့်ပြည်သူများထံ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ထောက်ပံ့ပစ္စည်းများ ကူညီဆောင်ရွက်ပေးသော မြို့နယ်ကျေးလက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် လက်ကောက်ဈေး ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့အား မီးဘေးသင့်ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)

No comments:

Post a Comment