Monday, February 27, 2017

ကလေးများစာဖတ်စွမ်းရည်၊ ကဗျာရွတ်ဆိုနှင့် ပုံပြောပြိုင်ပွဲများ ကျင်းပ



Image may contain: one or more people and people sitting
ပန်းတောင်း ဖေဖော်ဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ပြည်သူများ အားထားယုံကြည်ရသော လူမှုအခြေပြုအဖွဲ့နှင့် လူမှုစာကြည့်တိုက်အဖြစ် အဆင့်မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ကလေးများ စာဖတ်စွမ်းရည်၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကို ဖေဖော်ဝါရီ တတိယပတ်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဒေါ်သင်းသင်းအေးက ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးပြိုင်ပွဲကို စတင်ရာ ကျောင်းသား ကျောင်းသူလေးများကပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment