Wednesday, February 1, 2017

ကျွန်းလှမြို့နယ်တွင် သွားနှင့်ခံတွင်း အခမဲ့ကွင်းဆင်းကုသပညာပေး



Image may contain: 1 person, indoor
ကျွန်းလှ ဇန်နဝါရီ ၃၁
နှလုံးလှသွားနှင့် ခံတွင်းဆရာဝန်များအဖွဲ့(မန္တလေးမြို့)နှင့် လင်းရောင်သစ်ပညာရေးပရဟိတအသင်း(ကျွန်းလှမြို့) တို့ပူးပေါင်း၍ သွားနှင့်ခံတွင်းအခမဲ့ကုသပေးခြင်းကို ကျွန်းလှမြို့နယ် ရွာကုန်းကြီးကျေးရွာ တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
နှလုံးလှ သွားနှင့် ခံတွင်းဆရာဝန်များအဖွဲ့မှ ဒေါက်တာသော်ဇင်မြင့် ဦးဆောင်သောအဖွဲ့သည် ရွာကုန်းကြီးကျေးရွာနှင့်အနီးတစ်ဝိုက်ကျေးရွာများမှ သွားနှင့်ခံတွင်းဝေဒနာရှင်ပြည်သူ ၁၉၆ ဦးတို့အား သွားခြစ်ခြင်း၊ ဖာထေးပေးခြင်း၊ ရောဂါဖြစ်သောသွားများ နုတ်ပေးခြင်း၊ ဆေးထည့်ပေးခြင်း၊ ဆေးပေးခြင်း၊ ဆက်လက်ကုသမှုခံယူရန်လိုအပ်သူများအား နီးစပ်ရာလမ်းညွှန်ပေးခြင်း၊ သွားနှင့်ခံတွင်း ပညာပေးဟောပြောခြင်းစသည်တို့ကို ဇန်နဝါရီ ၂၈ ရက်နှင့် ၂၉ရက်တို့တွင် ပြုစုကုသပေးခဲ့ကြောင်း သိရသည်။
ကုသမှုနောက်ကျသွားခြင်းမရှိစေရန် မြို့နှင့် အလှမ်းဝေးသော ကျေးလက်ဒေသများအထိ တိုက်ရိုက်သွားရောက်ကုသပေးခြင်းဖြစ်ကြောင်းနှင့် သွားနှင့်ခံတွင်း ကျန်းမာရေးအသိပညာများတိုးပွား၍ ကြိုတင်ကာကွယ် နိုင်စေရန် ရည်ရွယ်ကြောင်း လင်းရောင်သစ်ပညာရေး ပရဟိတအသင်းမှ ဥက္ကဋ္ဌ ဒေါက်တာ ထွန်းထွန်းနိုင်က ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထိန်လင်း

No comments:

Post a Comment