Friday, January 27, 2017

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်UNDP တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းဆိုင်ရာကိစ္စများ ဆွေးနွေး





 
 
နေပြည်တော် ဇန်နဝါရီ ၂၆

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်အား ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP ) မှ ဌာနေကိုယ်စားလှယ် Mr. Peter Batchelor သည် ယနေ့နံနက် ၁၁ နာရီက ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်း များက မြန်မာပြည်သူပြည်သားများအပေါ် သက်ဆိုင်ရာကဏ္ဍအသီးသီးမှဝိုင်းဝန်းကူညီထောက်ပံ့ပေးနေမှု၏အောင်မြင်ဖြစ်ထွန်းမှု၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်UNDP တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းဆိုင်ရာကိစ္စရပ်များနှင့် ရှေ့ဆက်လက်ပိုမို ပူးပေါင်းဆောင်ရွက်သွားမည့်အစီအမံများ၊ ရခိုင်ပြည်နယ်အတွင်းရှိ နှစ်ဖက်လူ့အဖွဲ့အစည်း ရေရှည်သဟဇာတဖြစ်စွာ အတူ လက်တွဲနေထိုင်ရေး၊ အပြန်အလှန်ယုံကြည်မှုတည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment