Monday, January 30, 2017

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၏ ဥပဒေအကြံပေး ဦးကိုနီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပလက်ဖောင်းတွင် အမျိုးသားတစ်ဦးက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့သဖြင့် ရရှိဒဏ်ရာဖြင့် သေဆုံး

Image may contain: 2 people, people standing


သတင်း - ဇော်ကြီး(ပဏီတ)၊ ရီရီသန့်(သတင်းစဉ်)
ရန်ကုန် ဇန်နဝါရီ ၂၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် ယနေ့ညနေ ၄ နာရီ ၅၅ မိနစ်ခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်Terminal-1ဂိတ် 6 ရှေ့ ပလက်ဖောင်းတွင် အမျိုးသားတစ်ဦးက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့သဖြင့် ရရှိဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။
''ကျွန်တော့်အလှည့်ရောက်လို့ ခရီးသည် တင်နေတာပါ၊ သေနတ်သံတစ်ချက်ကြားလိုက်တော့ လူတစ်ယောက်လဲကျသွား တာကို တွေ့ရတယ်၊ မလဲကျခင်အချိန်က အဲ့ဒီလူကြီးက ကလေးငယ်တစ်ဦးကို ချီထားတယ်၊ လဲကျတဲ့အချိန်မှာ ကလေးလွင့်ကျ သွားတယ်၊ အနီးဝန်းကျင်က လူတွေဝိုင်းလာတယ်၊ သူ့သမီးလားတော့မသိဘူး အပါး အပါးလို့ ခေါ်နေတာကို တွေ့ရတယ်၊ သေနတ်သမားက လေဆိပ်အောက်ဘက်ကို ပြေးထွက်သွားတယ်၊ သေနတ်နဲ့ပစ်တဲ့သူက အင်္ကျီပန်းရောင်၊ ဘောင်းဘီအတို ဝတ်ထားတာကိုတွေ့ရတယ်''ဟု အဆိုပါဖြစ်ပွားမှု အနီးရှိ မျက်မြင်သက်သေ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ ညနေ ၄ နာရီ ၁ဝ မိနစ်အချိန်တွင် ဆိုက်ရောက်လာသည့်Silk Air လေကြောင်းခရီးစဉ် MI 518 ဖြင့် လိုက်ပါလာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥပဒေအကြံပေး တရား လွှတ်တော်ရှေ့နေ ဦးကိုနီအား ညနေ ၄ နာရီ ၅၅ မိနစ်တွင်Terminal -1ဂိတ် 6 အရှေ့ ပလက်ဖောင်းတွင် ဦးကြည်လင်း (၅၃)နှစ်၊ (ဘ) ဦးလှိုင်၊ ပ္ဏုားကုန်းရပ်ကွက်၊ မဟာအောင်မြေ မြို့နယ်၊ မ္တလေးမြို့နေသူက (၉-မမ)ပစ္စတိုသေနတ်ဖြင့် ဦးခေါင်း ကို အနီးကပ်တစ်ချက် ပစ်ခတ်ထွက်ပြေးခဲ့သဖြင့် ¤င်းမှာ နားထင် သေနတ်ဒဏ်ရာဖြင့် ညနေ ၅ နာရီ ၈ မိနစ်အချိန်ခန့်တွင် ရရှိ ဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်သည်။
ပစ်ခတ်ထွက်ပြေးသည့် သေနတ်သမားသည်Terminal -1ရှေ့မှ အရှေ့ဘက် ကားပါကင်တစ်လျှောက် ထွက်ပြေးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုက ဝိုင်းဝန်းလိုက်လံ ဖမ်းဆီးစဉ် ၄င်းနောက်သို့ ဆက်လိုက်မလာရန် လူအုပ်ကြီးအား ပြောဆိုပြီး သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့သည့်အပြင် အနီးရှိ အငှားယာဉ်မောင်းဖြစ်သူ ဦးနေဝင်းကို သေနတ်ဖြင့် တစ်ချက် ပစ်ခတ်ခဲ့သည်။
''ကျွန်တော်တို့က ဇယ်တောက်နေတာ အသံကြားလို့ လှမ်းကြည့်တော့ လူတစ်ယောက် သေနတ်နှစ်လက်ကိုင်ပြီး ပြေးလာတာကို တွေ့ရတယ်၊ အဲဒီနောက်က လူငါးယောက် လောက် ပြေးလိုက်ပြီး အဲဒီကောင်ကိုဖမ်းဆိုပြီး အော်ပြောတယ်၊ အဲဒီအချိန်မှာ သေနတ်နဲ့လူက လိုက်မလာနဲ့ ပစ်လိုက်မယ်လို့ ပြောတယ်၊ ကားလမ်းပေါ်ရောက်တော့ လေဆိပ်မှာဂိတ်ထိုးတဲ့ အငှားယာဉ်မောင်း ကိုနေဝင်းက ခဲနဲ့ထုလိုက်တော့ သူ့ကို သေနတ်နဲ့ပစ်လိုက်တယ်၊ ပြီးတော့ လမ်းပေါ်မှာ မောင်းလာတဲ့ အငှားယာဉ်တစ်စီးကို အဲဒီလူက ယာဉ်မောင်းကို သေနတ်နဲ့ ချိန်ပြီး မောင်းခိုင်းတယ်၊ အဲဒီအချိန်မှာပဲ အနောက်က လိုက်လာ တဲ့ လူအုပ်ကြီးက ကားရှေ့ပိတ်ပြီး ခဲတွေနဲ့ ဝိုင်းထုကြတယ်၊ အဲဒီနောက်မှာတော့ ရဲတွေရောက်လာပြီး သူ့ကိုချုပ်ပြီး သေနတ် ဝင်လုတာကိုတွေ့ရတယ်''ဟု အနီးရှိ မျက်မြင်တွေ့ရှိသူတစ်ဦး က ပြောသည်။
သေနတ်သမားသည်Terminal -3 မျက်စောင်းထိုး Amazing Bistro စားသောက်ဆိုင်ရှေ့ ကားလမ်းမတွင် အငှားယာဉ်တစ်စီးအား သေနတ်ဖြင့်ချိန်၍ လုယက်ရန် ကြိုးစား နေစဉ် လေကြောင်းကွပ်ကဲမှု အဖွဲ့ခွဲမှူး ရဲမှူးကြီး ဝင်းမင်းသိန်း ဦးဆောင်သည့် လုံခြုံရေးတပ်ဖွဲ့မှ သေနတ်သမားအား သေနတ် ဖြင့်ချိန်၍ လက်နက်ချရန်ပြောဆိုခဲ့ပြီး မိုးပေါ်သို့ သုံးချက် ပစ်ဖောက်ခဲ့ရာ ¤င်းမှာ ခုခံရန်ကြိုးစားသဖြင့် ဝဲဘက်ပေါင်အား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ရဲမှူးကြီး ဝင်းမင်းသိန်းကိုယ်တိုင် လုယက်ခံရသည့် ပရိုဘောက်အငှားယာဉ် အဖြူရောင်ကို မောင်းနှင်ပြီး မြောက်ဥက္ကလာပဆေးရုံကြီးသို့ ခေါ်ဆောင်သွား ခဲ့သည်။
သေနတ်သမားအား လိုက်လံဖမ်းဆီးစဉ် သေနတ်ဖြင့် ပစ်ခံ ရသည့် အငှားယာဉ်မောင်း ကိုနေဝင်းမှာ ဆေးရုံသို့ပို့ဆောင်စဉ် ရရှိဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။
“''ဒီဖြစ်စဉ်မှာ သေဆုံးသူ အငှားယာဉ်မောင်း ကိုနေဝင်း က ပြည်သူတစ်ဦးအနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တယ်၊ သူ ခုလိုသေဆုံးသွားတဲ့အပေါ်မှာ ကျွန်တော်တို့အနေနဲ့ ဝမ်းနည်း တယ်၊ သူသာ ခဲနဲ့ မထုခဲ့ရင် သေနတ်သမားကိုမိဖို့ ခက်ခဲပါလိမ့် မယ်၊ သူအခုလို သေဆုံးတဲ့အပေါ်မှာ သက်ဆိုင်ရာတွေအနေနဲ့ လည်း ပြန်ကြည့်သင့်ပါတယ်''ဟု အဆိုပါဖြစ်ပွားမှုအနီးရှိ အငှား ယာဉ်မောင်းတစ်ဦးက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ၏ ဥပဒေ အကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် အင်ဒိုနီးရှား သမ္မတနိုင်ငံ ဂျကာတာမြို့နှင့် မာလူကူပြည်နယ်တို့၌ ဇန်နဝါရီ ၂၂ ရက်မှ ၂၉ ရက် အထိ ကျင်းပခဲ့သောSenior Leadership Program လေ့လာရေးခရီး သွားရောက်ခဲ့ပြီးနောက် ယနေ့ ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိစဉ် ယင်းကဲ့သို့ ပစ်ခတ်ခံရခြင်းဖြစ်သည်။
သေနတ်သမားကို ဖမ်းဆီးစဉ်ပါဝင်ခဲ့သူ အငှားယာဉ်မောင်း (သေဆုံးသူ) ဦးနေဝင်းမှာ ဇနီးနှင့် သားသမီး သုံးဦးရှိပြီး အငယ်ဆုံးကလေးမှာ ၄၅ ရက်သာ ရှိသေးကြောင်း သိရ သည်။

No comments:

Post a Comment