Monday, January 30, 2017

ဒုက္ခသည်များအား လက်ခံရမည်မှာ တာဝန်တစ်ရပ်ပင်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

Image may contain: 1 person, suit

ပါရီ ဇန်နဝါရီ ၂၉

ဒုက္ခသည်များ၏အခက်အခဲကို စာနာနားလည်မှုဖြင့် ကူညီပေး ရမည်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန် တစ်ရပ်ဖြစ်ကြောင်းနှင့် အကြမ်းဖက်မှုများကိုကာကွယ်သည် ဟုဆိုခြင်းမှာ ¤င်းတို့အား ခိုလှုံခွင့်ပေးရန် ငြင်းဆန်လိုသည့် တရားနည်းလမ်းကျသော အကြောင်းပြချက်တစ်ခုမဟုတ် ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းမတ်အိုင်ရော့တ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
အမေရိကန်၏ သမ္မတသစ်ဒေါ်နယ်ထရန့်က အစ္စလာမ္မစ် နိုင်ငံခုနစ်ခုတို့မှ ပြည်သူများ အမေရိကန်သို့ ဝင်ရောက်ခွင့်ကို ပိတ်ပင်လိုက်သည့် အမိန့်ထုတ်ပြန်မှုကို လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီးသည့်နောက်တွင် ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးက ထိုသို့သဘောထားဖော်ပြခဲ့ခြင်းဖြစ်သည်။
ဒုက္ခသည်များအား ကူညီလက်ခံပေးခြင်းသည် မဖြစ် မနေလုပ်ဆောင်သင့်သည့် စုစည်းညီညွတ်မှုဆိုင်ရာ တာဝန် တစ်ရပ်ဖြစ်သည်ဟု အိုင်ရော့တ်ကတွစ်တာပေါ်၌ ရေးသား ဖော်ပြခဲ့သည်။ အကြမ်းဖက်မှုသည် လူမျိုးဘာသာကိုမသိသကဲ့သို့ ခွဲခြားဆက်ဆံမှုသည်လည်း တုံ့ပြန်ဆောင်ရွက်မှုမမြောက်ဟု ¤င်းက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်စနေနေ့ကလည်း ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်းသည် ဒေါ်နယ်ထရန့်နှင့် ဖုန်းဖြင့်ဆက်သွယ် စကားပြောဆိုရာတွင် ဒုက္ခသည်များအား လေးစားမှုရှိရန် ပြောဆိုခဲ့သည်။ (ရိုက်တာ)

No comments:

Post a Comment