Monday, January 2, 2017

တိုက်ချင်းပစ်ဒုံးကျည်(ICBM) ကို စမ်းသပ်ပစ်လွှတ်ရန် နီးကပ်လာပြီဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ပြောကြား

Image may contain: 1 person, eyeglasses

ပြုံးယမ်း ဇန်နဝါရီ ၁

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် နိုင်ငံအတွင်း စမ်းသပ်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိသည့် တိုက်ချင်းပစ် ဒုံးကျည် (ICBM)ကို စမ်းသပ်ပစ်လွှတ်မှု ပြုလုပ်နိုင်တော့ မည့် နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကင်ဂျုံအန်းသည် တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ် ပစ်လွှတ်ရန် အနီးဆုံးအခြအနေရောက်ရှိနေပြီဖြစ်ကြောင်းကို တနင်္ဂနွေနေ့တွင် ၄င်း၏နှစ်စဉ်ပုံမှန်ပြုလုပ်မြဲ နိုင်ငံရေး လုပ်ဆောင်ချက်တစ်ခုဖြစ်သည့် နှစ်သစ်ကူးမိန့်ခွန်းအတွင်း ထည့်သွင်းပြောဆိုခဲ့သည်ကို နိုင်ငံပိုင်ကိုရီးယား ဗဟိုရုပ်မြင်သံကြားထုတ်လွှင့်မှုအစီအစဉ်၌ ထုတ်လွှင့်ပြသခဲ့သည်။ ကင်၏မိန့်ခွန်းတွင် မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သည့်နှစ်အတွင်းက နျူကလီးယားစမ်းသပ်အောင်မြင်မှုနှစ်ခုနှင့်အတူ တိုက်ချင်းပစ် ဒုံးကျည်အများအပြားကို စမ်းသပ်အောင်မြင်ခဲ့ပြီး နောက်တွင် နျူကလီးယားအင်အားကြီးနိုင်ငံတစ်ခုအနေဖြင့် ပေါ်ထွက်လာ မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
(အန်အိတ်ခ်ျကေ)

No comments:

Post a Comment