Monday, January 2, 2017

အစ္စတန်ဘူလ် နိုက်ကလပ်၌ သေနတ်ပစ်ခတ်မှုများဖြစ်ပွား၊ ၃၉ ဦး သေဆုံး

Image may contain: one or more people, people standing and outdoor

အစ္စတန်ဘူလ် ဇန်နဝါရီ ၁

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ ဘော့စဖောရပ်စ် ရေလက်ကြားပေါ်ရှိ နိုက်ကလပ်တစ်ခု တွင် တနင်္ဂနွေနေ့က နှစ်သစ်ကူးပွဲတော် ဆင်နွှဲနေကြသူများအား သေနတ်သမား တစ်ဦးက ပစ်ခတ်ခဲ့မှုကြောင့် နိုင်ငံခြားဧည့်သည်များအပါအဝင် လူ ၃၉ ဦးထက် မနည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေနတ်သမားသည် သေနတ်ဖြင့် တရစပ်ပစ်ခတ်ပြီးနောက် နိုက်ကလပ်မှ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ နှစ်သစ်ကူးချိန် လွန်မြောက်ပြီး တစ်နာရီခန့် အကြာတွင် နိုက်ကလပ်အတွင်းသို့ သေနတ်သမားဝင်ရောက်လာပြီး တွေ့ကရာကို သေနတ်ဖြင့် တရစပ်ပစ်ခတ်ခဲ့ရာ နိုက်ကလပ်အတွင်းရှိ နေသူအချို့သည် အသက်ရှင် လွတ်မြောက်ရန်အတွက် ရေထဲသို့ခုန်ချထွက်ပြေးခဲ့ကြသည်။
အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဆောင် ခဲ့သူသည် တစ်ကိုယ်တော် သေနတ်သမား ဖြစ်သည်ဟု အာဏာပိုင်များက ဖော်ပြခဲ့ကြသော်လည်း လူမှုကွန်ရက်အပါအဝင် အချို့သော သတင်းရင်းမြစ်များက တိုက်ခိုက်မှုတွင် တစ်ဦးမက ပါဝင်နေနိုင်သေး ကြောင်း ဝေဖန်သုံးသပ်ခဲ့ကြသည်။

တူရကီရှိ နေတိုးအဖွဲ့ဝင်များသည် ဇူလိုင်လအတွင်းက မအောင်မမြင်ဖြစ် ခဲ့သည့် အာဏာသိမ်းကြိုးပမ်းမှုအတွက် အခြေအနေများ ပြန်လည်ငြိမ်သက်မှုရရှိရန် ကြိုးပမ်းလျက်ရှိပြီး အစ္စတန်ဘူလ်နှင့် အန်ကာရာတို့တွင် အိုင်အက်စ် အစွန်းရောက် အဖွဲ့နှင့် ကာ့ဒ်စစ်သွေြး<ွကအဖွဲ့တို့က လုပ်ဆောင်သည်ဟု ပြောဆိုနေကြသည့် တိုက် ခိုက်မှုများစွာ ပေါ်ပေါက်နေချိန်တွင် ယင်းသေနတ်ပစ်ခတ်မှုက နေတိုးအဖွဲ့ဝင်များအား ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ ဘာလင်တွင် ခရစ္စမတ်ဈေး တိုက်ခိုက်ခံရပြီး လူ ၁၂ ဦးသေဆုံးခဲ့ရပြီးနောက် နှစ်သစ်ကူးတွင်ကျရောက်နိုင်ဖွယ်ရှိသည့် အကြမ်းဖက် တိုက်ခိုက်မှု အ္တရာယ်များအတွက် ဥရောပတစ်ခွင်တွင် လုံခြုံရေးသတိပေးမှုများ အဆက်မပြတ် နှိုးဆော်နေသည့်ကြားမှပင် ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုမျိုး ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုကျူးလွန်ကာ ထွက်ပြေးသွားသူအား အမြန်ဆုံးဖမ်းဆီးနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။ (ရိုက်တာ)

No comments:

Post a Comment