Monday, January 2, 2017

တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ပစ်ခတ်ရန် နီးစပ်လာပြီဟု မြောက်ကိုရီးယားခေါင်းဆောင် ပြောကြား



Image may contain: 1 person, text
ပြုံယမ်း ဇန်နဝါရီ ၁
မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ် ဒုံးကျည် (အိုင်စီဘီအမ်)ကို စမ်းသပ်ပစ်ခတ်ရန် နီးစပ်လာပြီဟု မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်က ဇန်နဝါရီ ၁ ရက်တွင် ပြောကြားသည်။
မြောက်ကိုရီးယားနိုင်ငံသည် ၂ဝ၁၆ ခုနှစ်အတွင်း ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်ပစ်ခတ်မှုမှာ မကြုံစဖူးသော နှုန်းဖြင့် ပြုလုပ်ခဲ့သော်လည်း ဒုံးကျည်ဆိုင်ရာ ကျွမ်းကျင်သူတို့ကမူ ၎င်းနိုင်ငံအနေဖြင့် အဏုမြူလက်နက် ထိပ်ဖူးတပ်ဆင်ထားသည့် တိုက်ချင်းပစ်ဒုံးကျည်ကို အမေရိကန် ပြည်ထောင်စုအထိ ရောက်ရှိအောင်ပစ်ခတ်နိုင်သည့် စွမ်းရည်ရရှိရန် နှစ်အတော်ကြာ လုပ်ဆောင်ရဦးမည်ဟု ပြောကြားသည်။
တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်နိုင်ရေးအတွက် ပြင်ဆင်မှုလုပ်ငန်းများသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်ဟု မြောက်ကိုရီးယားခေါင်းဆောင် က ဇန်နဝါရီ ၁ ရက်တွင် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြောကြားသည့် နှစ်သစ်ကူးမိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။
တိုက်ချင်းပစ် (အိုင်စီဘီအမ်)အမျိုးအစား ဒုံးကျည်များသည် အနိမ့်ဆုံးခရီးတာ ကီလိုမီတာ ၅၅ဝဝ (၃၄၁၈ မိုင်) ပစ်ခတ်နိုင်အောင် တည်ဆောက်ထားပြီး အချို့သော (အိုင်စီဘီအမ်) ဒုံးကျည်များမှာ ကီလိုမီတာ ၁ဝဝဝဝ နှင့် ကီလိုမီတာ ၁ဝဝဝဝ အထက် အကွာအဝေးထိ ပစ်ခတ်နိုင်စွမ်းရှိသည်။ မြောက်ကိုရီးယားနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်တို့သည် အကြမ်းအားဖြင့် ကီလိုမီတာ ၉ဝဝဝ ခန့်ကွာဝေးသည်။
သို့သော် မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏ မူဆူဒန် အမျိုးအစား တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်များကို ယုံကြည်စိတ်ချစွာ ဖြန့်ကြက်ချထားနိုင်ရေးအတွက် ရုန်းကန်နေရဆဲ ဖြစ်သည်။ ၂ဝ၁၆ ခုနှစ်အတွင်းက ယင်းအမျိုးအစား ပဲ့ထိန်းဒုံးကျည်ကို ရှစ်ကြိမ်ခန့် စမ်းသပ်ပစ်ခတ်ခဲ့ရာ တစ်ကြိမ်သာ အောင်မြင်မှုရခဲ့သည်။
မူဆူဒန် အမျိုးအစား တာလတ်ပစ်ဒုံးကျည်သည် ခရီးတာ ကီလိုမီတာ ၃ဝဝဝ (မိုင် ၁၈၆ဝ)ထိ ပစ်ခတ်နိုင်ရန် တည်ဆောက်ထားရာ အဆိုပါဒုံးကျည်ဖြင့် တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စု၏ ပိုင်နက် နယ်မြေ ဂူအမ်ကျွန်းများထိ ရောက်ရှိအောင် ပစ်ခတ်နိုင်ဖွယ်ရှိသည်။
ဆင်ဟွာ။

No comments:

Post a Comment