Monday, January 2, 2017

အင်ဒိုနီးရှားတွင် ကမ္ဘာလှည့်ခရီးသည်တင်သင်္ဘော မီးလောင် လူ ၂ဝ ကျော်သေဆုံး၊ အများအပြားဒဏ်ရာရ


Image may contain: one or more people, shoes, outdoor and water
ဂျကာတာ ဇန်နဝါရီ ၁
အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာ၏မြောက်ဘက်ကျွန်းများဆီသို့ ထွက်ခွာသွားသည့် လူ ၂၅ဝ နီးပါး တင်ဆောင် ထားသည့် ကမ္ဘာလှည့်ခရီးသည်တင် သင်္ဘောတစ်စင်းသည် ဇန်နဝါရီ ၁ ရက်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ခရီးသည် ၂၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မြို့တော်ဂျကာတာရှိ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီက ပြောကြားသည်။
ဂျကာတာမြို့ မြောက်ဘက် မူရာအန်ကေးဆိပ်ကမ်းမှ သင်္ဘောထွက်ခွာပြီး မကြာမီမှာပင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခြင်းဖြစ်သည်။ သင်္ဘော၏ လျှပ်စစ်ဓာတ်အား ပေးစက်မှ ဝါယာရှော့(ခ်)ဖြစ်ကာ ယင်းသို့ မီးလောင်ကျွမ်းမှု ဖြစ်ပွားရခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောကြားသည်။
အဆိုပါ သင်္ဘောပေါ်တွင် လူပေါင်း ၂၄၈ ဦး တင်ဆောင်ထားပြီး မူလခန့်မှန်းထားသည့် လူ ၁ဝဝ ထက် နှစ်ဆခန့်ဖြစ်သော လူ ၂ဝဝ ကျော်အား ကယ်တင်နိုင်ခဲ့ကာ ၎င်းတို့အနက် ၃၂ ဦးအား ဂျကာတာမြို့ရှိ ဆေးရုံများသို့ တင်ပို့ကာ ဆေးကုသမှုခံယူစေခဲ့ရကြောင်း ဂျကာတာမြို့တော် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲ ဟန်ဒရာဆူဒီရာမန်က ပြောကြားသည်။
ဆင်ဟွာ။

No comments:

Post a Comment