Monday, January 30, 2017

သမ္မတထရန့်နှင့် ဝန်ကြီးချုပ်ပူတင် အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းမည်



Image may contain: 2 people, suit
ဝါရှင်တန် ဇန်နဝါရီ ၂၉
အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် ရုရှားဝန်ကြီးချုပ် ဗလာဒီမာပူတင်တို့က ဆီးရီးယားနိုင်ငံကို ခြေကုပ်ယူထားပြီး ကမ္ဘာအဝန်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို အမြစ်ပြတ် တိုက်ခိုက်ချေမှုန်းရာတွင် ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း သဘောတူညီခဲ့ကြသည်။
သမ္မတထရန့် ရာထူးတာဝန်များ စတင်ထမ်းရွက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သမ္မတထရန့်နှင့် ရုရှားဝန်ကြီးချုပ် ပူတင်တို့သည် ဇန်နဝါရီ ၂၈ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် အထက်ပါကိစ္စရပ်ကို သဘောတူညီခဲ့ကြခြင်းဖြစ်သည်။
ကိုရီးယားကျွန်းဆွယ်၊ အီရန်နျူကလီးယားအစီအစဉ်နှင့် ယူကရိန်းအရေးတို့အပါအဝင် အခြားသောနိုင်ငံတကာ ရေးရာကိစ္စရပ်များကို ခေါင်းဆောင်နှစ်ဦးက ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း ရုရှားနိုင်ငံ ကရင်မလင်ရုံး၏ ထုတ်ပြန်ကြေညာချက်တစ်ရပ်တွင် ပါရှိသည်။
ခေါင်းဆောင်နှစ်ဦးအနေဖြင့် လူချင်းတွေ့ဆုံဆွေးနွေးကြရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။
သမ္မတထရန့်က ၎င်းအနေဖြင့် ရုရှားနိုင်ငံနှင့်ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရန် ဆန္ဒရှိကြောင်းဆိုသည်။ သို့သော် ရီပတ်ဘလီကန်များနှင့် အစိုးရအဖွဲ့ဝင်အချို့က သူ၏ အလျင်စလိုလုပ်ဆောင်မှုများအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြောင်း သမ္မတထရန့်က ဆက်လက်ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် မော်စကိုက ကြားဝင်ဆောင်ရွက်မှုများ ရှိ၊ မရှိ စုံစမ်းစစ်ဆေးခြင်းကို အမေရိကန်စုံစမ်းထောက်လှမ်းရေးအရာရှိများက အဆုံးသတ်ခဲ့ကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment