Saturday, January 28, 2017

မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခြေအနေများဆွေးနွေး

Image may contain: 34 people, people standing and suit

နေပြည်တော် ဇန်နဝါရီ ၂၇

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ် (JCCI) ဥက္ကဋ္ဌ မစ္စတာ အကီအို မီမူရ ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ လက်ခံတွေ့ဆုံသည်။
မူဘောင်တစ်ရပ်ထားရှိရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေး
တွေ့ဆုံစဉ် မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခြေ အနေများ၊ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်လာစေရန် အဓိက လိုအပ်သည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ဆောင်ရွက်ရေး၊ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေဆိုင်ရာများ၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ရေးနှင့် နှစ်ဖက် သက်ဆိုင်သူများအကြား စဉ်ဆက်မပြတ် အမြင်ချင်းဖလှယ်နိုင်မည့် မူဘောင်တစ်ရပ် ထားရှိရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဦးကျော်ဝင်း၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Tateshi Higuchi တို့ တက်ရောက်ကြသည်။ (သတင်းစဉ်)

No comments:

Post a Comment