Saturday, January 28, 2017

ဗြိတိန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ရာမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့ ပြန်လည်ရောက်ရှိ

Image may contain: 8 people, people standing and suit

ရန်ကုန် ဇန်နဝါရီ ၂၇

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ဗြိတိန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရာမှ ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည်။
လွှတ်တော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံသားများ ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစော၊ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးဇော်ဝင်း၊ လွှတ်တော်အခွင့်အရေး ကော်မတီ အဖွဲ့ဝင် ဦးစိုင်းစန်သိန်း၊ နိုင်ငံတကာဆက်ဆံရေးကော်မတီအဖွဲ့ဝင် ဒေါက်တာ ဒေါ်ရွှေပုံနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများလည်း ပြန်လည်လိုက်ပါလာကြသည်။
(သတင်းစဉ်)

No comments:

Post a Comment