Saturday, January 28, 2017

ကိုပါအီတာလီယာဖလား ဆီမီးတက်နိုင်ခဲ့တဲ့ ဂျူဗင်တပ်စ်

Image may contain: 5 people, people playing sports, stadium and outdoor

ကောင်းမြတ်သူ - စုစည်းသည်

ဂျူဗင်တပ်စ်အသင်းဟာ ကိုပါအီတာ လီယာဖလားပြိုင်ပွဲမှာ မီလန်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ကစားပြီး ဆီမီးဖိုင် နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ လက် ရှိချန်ပီယံ ဂျူဗင်တပ်စ်အသင်းအနေနဲ့ ပထမပိုင်းမှာပဲ နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါ တယ်။ အေစီမီလန်အသင်းအနေနဲ့ တစ် ဂိုးသာ ပြန်လည်ချေပနိုင်တဲ့အတွက် နှစ် ဂိုး-တစ်ဂိုးနဲ့ ဂျူဗင်တပ်စ်က အနိုင်ရခဲ့ပါ တယ်။ ဒီနှစ်ရာသီထဲမှာ ဂျူဗင်တပ်စ်က အေစီမီလန်အသင်းကို ယခင်နှစ်ကြိမ် ဆုံတွေ့မှုမှာ အနိုင်ရအောင် ကစားနိုင်ခဲ့ ခြင်းမရှိခဲ့ပါဘူး။ ဂျူဗင်တပ်စ်အသင်းဟာ အီတလီစီးရီးအေမှာလည်း ဇယားထိပ် မှာ လေးမှတ်အသာနဲ့ ဦးဆောင်နေတဲ့ အသင်း ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်း ဟာ ကိုပါအီတာလီယာဖလား ကွာတား ဖိုင်နယ်မှာ အေစီမီလန်အသင်းကို အနိုင် ရခဲ့တဲ့အတွက် ဆီမီးမှာ နာပိုလီအသင်း နဲ့ ကစားရမှာဖြစ်ပါတယ်။ ဂျူဗင်တပ်စ် အသင်းဟာ ယခုနှစ်မှာလည်း ကိုပါအီတာ လီယာဖလားကို ဆွတ်ခူးနိုင်ဖွယ်ရှိတဲ့ အသင်းဖြစ်လာပါတယ်။

No comments:

Post a Comment