Tuesday, January 31, 2017

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးလုပ်ငန်းများကို ဆိုင်းငံ့ထားမည်ဟု ဖိလစ်ပိုင်ရဲချုပ်ပြော

Image may contain: 3 people
မနီလာ ဇန်နဝါရီ ၃ဝ
အကျင့်ပျက်ခြစားသူ ရဲတပ်ဖွဲ့ဝင်များအား သန့်စင်မှုပြုလုပ်ပြီးချိန်အထိ မူးယစ် ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးလုပ်ငန်းများကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်ရဲချုပ် ရော်နယ်ဒယ်လာရိုဆာက ပြောကြားလိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဇန်နဝါရီ ၃ဝ ရက်တွင် သတင်းထုတ်ပြန်သည်။
ဖိလစ်ပိုင်ရဲတပ်ဖွဲ့သည် အူတိုင်အထိ ခြစားလျက်ရှိကြောင်း သမ္မတ ရိုဒရီဂို ဒူတာတေးက ပြင်းပြင်းထန်ထန် ပြောကြားခဲ့ပြီးနောက် အကျင့်ပျက် ခြစားလျက်ရှိသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ယူနစ်များကို ပြင်ဆင်ဖွဲ့စည်းမည်ဖြစ်ကြောင်း ရဲချုပ် ဒယ်လာရိုဆာက ပြောကြားသည်။
ရဲတပ်ဖွဲ့ဝင် အင်အား၏ ၄ဝ ရာခိုင်နှုန်းခန့်မှာ အကျင့်ပျက်ခြစားမှုများ ရှိနေသည်ဟု ခန့်မှန်းရကြောင်း သမ္မတ ဒူတာတေးက ပြောကြားသည်။ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို မူးယစ်ဆေးဝါး တိုက်ဖျက် ရေးရဲတပ်ဖွဲ့က ပြန်ပေးဆွဲကာ သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်ပေါ်ပေါက်ခဲ့ပြီးနောက် သမ္မတဒူတာတေးက ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ နိုင်ငံတကာ၏ ဝေဖန်ချက်များ ရှိနေလင့်ကစား ၂ဝ၂၂ ခုနှစ်တွင် မိမိ၏ သမ္မတရာထူးသက်တမ်း ကုန်ဆုံးချိန်အထိ ယင်းလုပ်ငန်းကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဒူတာတေးက အလေးအနက် ပြောကြားသည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ဆင်ရေးလုပ်ငန်းကို တစ်လအတွင်း ပြန်လည်စတင်နိုင်မည်ဟု မိမိမျှော်လင့်ကြောင်း ရဲချုပ်က ပြောကြားသည်။ လောလောဆယ်တွင် မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ယူနစ်များရှိ အကျင့်ပျက် ခြစားသော တပ်ဖွဲ့ဝင်များကို ရှင်းလင်းမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment