Tuesday, January 31, 2017

အမေရိကန် ပြည်ဝင်ခွင့်ပိတ်ပင်သည့် ထရန့်၏အမိန့်နှင့်ပတ်သက်ပြီး ဆန္ဒပြမှုများဖြစ်ပွား

Image may contain: one or more people, crowd and outdoor
ဝါရှင်တန် ဇန်နဝါရီ ၃ဝ
အရှေ့အလယ်ပိုင်းနှင့် အာဖရိက ဒေသရှိ နိုင်ငံပေါင်းခုနစ်နိုင်ငံမှ နိုင်ငံသားများ အမေရိကန်နိုင်ငံသို့ လာရောက်မှုကို ပိတ်ပင်တားမြစ်သည့် သမ္မတဒေါ်နယ်လ်ထရန့်၏ အမိန့်ကို ဆန့်ကျင်သည့်ဆန္ဒပြပွဲများ အမေရိ ကန်နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် ဖြစ်ပွားလျက်ရှိသည်။
ဝါရှင်တန်မြို့တော်ရှိ အိမ်ဖြူတော် ရှေ့တွင် တနင်္ဂနွေနေ့က လူပေါင်း များစွာ ဆန္ဒပြခဲ့သည်။ ဆန္ဒပြသူများ တွင် အီရန်နိုင်ငံသားအချို့အပါအဝင် လူ ၂ဝဝဝ ခန့်ရှိသည်ဟု ဆန္ဒပြပွဲ ဦးဆောင်သူများက ပြောကြားသည်။ အီရန်နိုင်ငံသည် အမေရိကန်နိုင်ငံသို့ မဝင်ရောက်ရန် ထရန့် တားမြစ်ထား သည့် ခုနစ်နိုင်ငံတွင် ပါဝင်သည်။
ဆန္ဒပြသူများက 'ဒုက္ခသည်များကို ထောက်ခံပါ' ဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး 'ပြည်ပမှဝင်ရောက်လာ သူတွေကိုကြိုဆိုပါတယ်'ဟု အော်ဟစ်ခဲ့ကြသည်။ အသက် (၃၆) နှစ်ရှိအမျိုး သမီးတစ်ဦးက အီရန်နိုင်ငံတွင်ရှိသည့် ၄င်း၏ ညီမဖြစ်သူကို အစိမ်းရောင် ကတ်ဟု လူသိများသည့် အမြဲတမ်းနေ ထိုင်ခွင့်လျှောက်ရန် စနေနေ့က ဖုန်းဆက်သွယ်ပြောဆိုချိန်တွင် ညီမ ဖြစ်သူ ငိုနေသည်ဟု ပြောကြားသည်။
ထရန့်၏အမိန့်သည် မိသားစုများ တကွဲတပြားစီ ဖြစ်စေသကဲ့သို့ အမေရိကန်နိုင်ငံကိုလည်း သီးခြား နိုင်ငံတစ်ခုအဖြစ် ပြောင်းလဲသွားစေကြောင်း ၄င်းက ပြောကြားသည်။ ဆန္ဒပြမှုများသည့် နယူးယောက်မြို့၊ ဘော့စတွန်မြို့နှင့် အခြားမြို့ကြီးများ တွင်လည်း ဖြစ်ပွားလျက်ရှိသည်။
အမေရိကန်နိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့်ရရှိထားသူ သို့မဟုတ် နိုင်ငံခုနစ်နိုင်ငံနှင့် အခြားနိုင်ငံ တစ်နိုင်ငံဖြင့် နိုင်ငံသားနှစ်ခုဖြစ်နေသူများကို အမေရိကန်နိုင်ငံသို့ ဝင်ရောက်မှုတားမြစ်ပိတ်ပင်ခံရသည်ဟု အမေရိကန် သတင်းမီဒီယားများက ဖော်ပြသည်။
မကြာသေးမီက အမေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရရှိထားသည့် အီရန်သုတေသီတစ်ဦးသည် နိုင်ငံတကာကွန်ဖရင့်တစ်ခု တက်ရောက်ပြီး ပြန်လာသည့်အခါတွင် ဘော့စတွန်လေဆိပ်၌ ထိန်းသိမ်း ခံခဲ့ရသည်။
အမေရိကန်နိုင်ငံသို့ ဝင်ရောက်ရန် ပိတ်ပင်ခံရသည့် ခုနစ်နိုင်ငံဖြစ်သော အီရတ်၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယားနှင့် ယီမင်နိုင်ငံတို့မှ နိုင်ငံသားများသည် အမေရိကန် လေဆိပ်များတွင် ထိန်းသိမ်းခံထားရပြီး ယင်းနိုင်ငံသားများသည် ကမ္ဘာတစ်ဝန်းရှိ လေဆိပ်များတွင်လည်း အမေရိကန်သို့ သွားမည့်လေကြောင်း လိုင်းများတွင် လိုက်ပါစီးနင်းခွင့်မရ ဖြစ်နေကြသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment