Tuesday, January 31, 2017

မိမိတို့၏ဒေသနှင့် နိုင်ငံအတွက် မိမိတို့စွမ်းဆောင်ရည်ကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရန်တိုက်တွန်း

Image may contain: 1 person


နေပြည်တော် ဇန်နဝါရီ ၃ဝ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသား လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက လွှတ်တော် သက်တမ်းမှာ မကြာမီတစ်နှစ်ပြည့်တော့ မည်ဖြစ်သည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များ၏ ကိုယ်တိုင်ဆောင် ရွက်မှု၊ လေ့လာမှုနှင့် အတွေ့အကြုံများ ကြောင့် စွမ်းရည်မြင့်မားလာပြီဟု ယုံကြည်ပါကြောင်း။
လွှတ်တော်အားလပ်ရက်အတွင်း တွင်လည်း မိမိမဲဆန္ဒနယ်မှ ပြည်သူများ နှင့် ထိတွေ့ပြီးဖြစ်သည့်အတွက် မိမိမဲဆန္ဒ နယ်၏ လိုအပ်ချက်များကို လေ့လာသိရှိ လာပြီးဖြစ်သည့်အတွက် ယခုအကြိမ် အစည်းအဝေးတွင် မိမိတို့၏ဒေသနှင့် မိမိတို့နိုင်ငံအတွက် မိမိတို့စွမ်းဆောင် ရည်ကို ပိုမိုတိုးတက်အောင် ဆောင်ရွက် ကြရန် တိုက်တွန်းကြောင်း နှုတ်ခွန်းဆက် စကားပြောကြားသည်။
ယင်းနောက် ရှမ်းပြည်နယ် မဲဆန္ဒ နယ် အမှတ်(၁၂)မှ ဦးစိုင်းစံအောင်က ''ချင်းရွှေဟော်မြို့ကို မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ် အပြည်ပြည်ဆိုင်ရာ ဝင်၊ ထွက်ပေါက်အဖြစ် သတ်မှတ်ပြီး က္ဘာ လှည့်ခရီးသည်နှင့် ဘုရားဖူးများ ဝင်ထွက် ခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ''မေးခွန်းကို မေးမြန်းရာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက် ဖွင့်လှစ်ရန်မှာ နိုင်ငံတော်အဆင့် ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ရမည့် ကိစ္စများဖြစ်ခြင်း၊ နိုင်ငံ တော်အစိုးရ၏ မူဝါဒချမှတ်ပေးမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင် ရွက်ရမည့်ကိစ္စဖြစ်ခြင်း၊ ကျင့်သုံးလျက် ရှိသော နိုင်ငံခြားရေးမူဝါဒများနှင့်အညီ နှစ်ဖက်ဒေသဆိုင်ရာ အာဏာပိုင်များ တွေ့ဆုံညှိနှိုင်းပြီး နှစ်နိုင်ငံသံတမန် လမ်းကြောင်းမှ အပြန်အလှန် ဆက်သွယ် ၍ ဆောင်ရွက်သွားရန် လိုအပ်ခြင်းတို့ ကြောင့် ချင်းရွှေဟော်စစ်ဆေးရေးဂိတ် အား အပြည်ပြည်ဆိုင်ရာ တရားဝင် ဝင်ပေါက်၊ ထွက်ပေါက်အဖြစ် သတ်မှတ် ထားခြင်း မရှိပါကြောင်း။
ထို့ကြောင့် အဆိုပါ စစ်ဆေးရေးဂိတ် အား မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ် အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက် ပေါက်အဖြစ် သတ်မှတ်၍ က္ဘာလှည့် ခရီးသည်နှင့် ဘုရားဖူးများ ဝင်ထွက်ခွင့်ပြု ရန် စီစဉ်ဆောင်ရွက်နိုင်ခြင်း မရှိသေးပါ ကြောင်း ရှင်းလင်းဖြေကြားသည်။
ထို့အပြင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးအောင်ကြည် ညွန့်၏ ''၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် တွင် စတင်ဖွင့်လှစ်ခဲ့သော ကျိုင်းတုံဆရာ အတတ်သင် ဌာနခွဲအတွက် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် ¤င်းဌာနခွဲသို့ သွား ရောက်ပညာသင်ကြားပေးမည့် ဝန်ထမ်း များ စေလွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ''မေးခွန်းနှင့်စပ်လျဉ်း၍လည်း ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော် ထွန်းက ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် တွင် လှည်းကူးပညာရေးကောလိပ်၏ ကျောင်းခွဲအဖြစ် ကျိုင်းတုံဆရာအတတ် သင်ဌာနခွဲကို ကျိုင်းတုံတက္ကသိုလ်၌ စတင်ဖွင့်လှစ်ခဲ့ပြီး လှည်းကူးပညာရေး ကောလိပ်မှ ဆရာ ဆရာမများအား သင်တန်းအမှတ်စဉ်အလိုက် အလှည့်ကျ စနစ်ဖြင့် သွားရောက်ပညာသင်ကြား ပေးစေခဲ့ပါကြောင်း။
လှည်းကူးပညာရေးကောလိပ်တွင် ဖွင့်လှစ်ရမည့် D.T.Ed အမှတ်စဉ် (၂ဝ/၂ဝ၁၅) ပထမနှစ်သင်တန်းသို့ ကျိုင်းတုံဒေသမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား တက်ရောက်နိုင် စေရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့ပါ ကြောင်း၊ လှည်းကူးပညာရေးကောလိပ် တွင် တွဲဖက်တာဝန်ထမ်းဆောင်နေသော ကသာပညာရေးကောလိပ်မှ နည်းပြ ဆရာ ဆရာမများအား အင်အားပြ အဖြစ် ဝင်ရောက်စေခြင်းမျိုးမဟုတ်ဘဲ
သင်ကြားပုံ၊ သင်ကြားနည်းများကို သက်ဆိုင်ရာဘာသာရပ်အလိုက် လေ့လာ သင်ယူသူများအဖြစ် တာဝန်ပေးထား ခြင်းဖြစ်ပြီး လိုအပ်ပါက သက်ဆိုင်ရာ စာပေဘာသာရပ်၊ ဖွံ့ဖြိုးရေးဘာသာရပ်၊ သင်ပြနည်း ဘာသာရပ်များအား လေ့လာသင်ယူစေပြီး သင်ကြားရေး တာဝန်ကိုပါ ဆောင်ရွက်စေလျက် ရှိပါကြောင်း။
၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် လှည်းကူးပညာရေးကောလိပ်မှ ဆရာ ဆရာမများအပါအဝင် စုစုပေါင်းဝန်ထမ်း ၂၅ ဦးအား ကျိုင်းတုံတက္ကသိုလ်သို့ စေလွှတ်ခဲ့ရာ မီးဖွားခွင့်ယူထားသူများ နှင့် ကျန်းမာရေးမကောင်းသူများ၏ နေရာတွင် ဘာသာရပ်အလိုက် သင်ကြား ပြသနိုင်သူများကို အစားထိုးရွေးချယ် စေလွှတ်ခဲ့ပါကြောင်း။
လှည်းကူး ပညာရေးကောလိပ် (ကျိုင်းတုံ ဆရာအတတ်သင်ဌာနခွဲ)အတွက် လက်ရှိတာဝန်ထမ်းဆောင် နေသော ဆရာ ဆရာမများအနက် အလှည့်ကျစနစ်ဖြင့် ဘာသာရပ်အလိုက် စေလွှတ်မှုများပြုလုပ်ခဲ့ရာ ယခုအခါတွင် စတုတ္ထအကြိမ်သွားရမည့် အလှည့်ဖြစ်ပါ ကြောင်း၊ အချို့မှာ အကြောင်းအမျိုးမျိုး ကြောင့် မသွားရောက်နိုင်၍ လှည်းကူး ပညာရေးကောလိပ် ဒုတိယကျောင်းအုပ် ကြီးနှင့်ညှိနှိုင်း၍ တွဲဖက်တာဝန် ထမ်းဆောင်နေသူများအား သင်ကြားပုံ၊ သင်ကြားနည်းများ လေ့လာသင်ယူ စေပြီး တာဝန်ပေးစေလွှတ်ရန် အစီအစဉ်များ ပြုလုပ်ထားပြီးဖြစ်ပါ ကြောင်း။
ကျိုင်းတုံဆရာအတတ်သင်ဌာနခွဲ၏ တာဝန်ခံကျောင်းအုပ်ကြီးက ဆရာ ဆရာမများနှင့် ဝန်ထမ်းများ၏ နေထိုင် စားသောက်ရေးအတွက် လိုအပ်ချက် များကို အဆင့်ဆင့်တင်ပြပြီး ဖြေရှင်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အဆိုပါဌာနခွဲအား ပညာရေးကောလိပ် အဖြစ် ဖွဲ့စည်းပုံခွင့်ပြုချက်ရရှိလာသည့်အချိန်တွင် သက်ဆိုင်ရာဘဏ္ဍာနှစ် အလိုက် လိုအပ်သောဘာသာရပ်ဆိုင်ရာ သင်ထောက်ကူပစ္စည်းများကို ပြည့်စုံစွာ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး လျာထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
ထို့အပြင် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁ဝ)မှ ဦးမိုင်းအုဏ်းခိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒ နယ် အမှတ်(၅)မှ ဦးမြင့်နိုင်၊ စစ်ကိုင်း တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉)မှ ဦးမောင်မောင်လတ်၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးဝှေ့တင်း တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍လည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးဦးစိုးညွန့်နှင့် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့ ပြန်လည်ဖြေကြား ခဲ့ကြသည်။
ယင်းနောက် ဥပဒေကြမ်း ကော်မတီဝင် ဒေါ်ကျိန်ငိုက်မန်က ''မြန်မာ့ပိုင်နက် ပင်လယ်နှင့် ပင်လယ်ဇုန် များဥပဒေကြမ်း''နှင့်စပ်လျဉ်း၍ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် များပါဝင်သော ကော်မတီ၏ အစီရင်ခံစာ ကို ဖတ်ကြားရှင်းလင်းသည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ''မြန်မာ့ပိုင်နက် ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေ ကြမ်း'' ကို လွှတ်တော်၏ သဘောထား ရယူ၍ ပြင်ဆင်ချက်များအား တစ်ပိုဒ် ချင်းစီအလိုက် အတည်ပြုပြီး ယင်းဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်များကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment