Tuesday, January 31, 2017

ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

Image may contain: 21 people, people smiling, people standing

နေပြည်တော် ဇန်နဝါရီ ၃ဝ

မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်တို့အကြား လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတစ်ရပ်အနေဖြင့်ဆောင်ရွက်သော ဒုတိယအကြိမ် ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးသင်တန်းUN Peacekeeping(Platoon Size) Contingent Training Course ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မြန်မာ့တပ်မတော်အနေဖြင့် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတာဝန်များတွင် ၁၉၅၈ ခုနှစ်မှ ၁၉၆၄ ခုနှစ်ထိ တပ်ဖွဲ့ဝင်များ စေလွှတ်တာဝန်ထမ်းဆောင်မှုအခြေအနေများ၊ ၂ဝ၁၅ ခုနှစ် သြဂုတ်လမှ စတင်၍ တောင်ဆူဒန်နှင့် လိုက်ဗေးရီးယားနိုင်ငံများသို့ အရာရှိများစေလွှတ်ပြီး ကုလ သမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးလုပ်ငန်းစဉ်များတွင် ပြန်လည်ပါဝင်ထမ်းဆောင်နေ သည့်အခြေအနေများ၊ မြန်မာ့တပ်မတော်အနေဖြင့် ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်း ရေးလုပ်ငန်းစဉ်များတွင် စဉ်ဆက်မပြတ် တာဝန်ထမ်းဆောင်နိုင်ရေးအတွက် စပိန်၊ နော်ဝေ၊ သြစတြေးလျ၊ ယူကရိန်း၊ မလေးရှား၊ က္ဘောဒီးယား၊ ပါကစ္စတန်နှင့် အိန္ဒိယ နိုင်ငံများသို့ မြန်မာ့တပ်မတော်မှ တပ်ဖွဲ့ဝင်များစေလွှတ်ပြီး ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးဆိုင်ရာသင်တန်းများ တက်ရောက်စေမှုအခြေအနေများ၊ နိုင်ငံတကာ ငြိမ်းချမ်းမှုထိန်းသိမ်းရေးလုပ်ငန်းများ၌ ကုလသမဂ္ဂ၏ဦးဆောင်မှုနှင့်အတူ စိတ်ပါဝင် စားစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရာတွင် Contingent Troop စေလွှတ်နိုင်ရေး မျှော်မှန်းလေ့ကျင့်ပေးသည့် သင်တန်းဖြစ်သည့်အတွက် သင်တန်းသားအရာရှိ၊ စစ်သည် များအနေဖြင့် သင်တန်းမှ ပို့ချလေ့ကျင့်ပေးမှုများကို စိတ်ဝင်တစားနှင့် တတ်ကျွမ်း နားလည်အောင် လေ့လာသင်ယူသွားကြရန် လိုအပ်မှုအခြေအနေများအား မှာကြား သည်။
ထို့နောက် အိန္ဒိယသံအမတ်ကြီးက အမှာစကားပြောကြားပြီး အိန္ဒိယနိုင်ငံ Centre For United Nations Peacekeeping (CUNPK) မှ နည်းပြတစ်ဦးက အိန္ဒိယ နိုင်ငံ၏ UN Peacekeeping Operations တွင် ပါဝင်ဆောင်ရွက်နေမှုအခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာကြသူများ၊ CUNPK မှ နည်းပြအရာရှိများ၊ သင်တန်းသားအရာရှိ၊ စစ်သည်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်”ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်း ရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment