Tuesday, January 31, 2017

ပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းကြိုးပမ်းလုပ်ဆောင်

Image may contain: one or more people, people sitting, table and indoor


နေပြည်တော် ဇန်နဝါရီ ၃ဝ

၂ဝ၁၇ ခုနှစ် နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ ၂ဝ၁၇ ခုနှစ် နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ၂ဝ၁၇ ခုနှစ် နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီအစည်းအဝေးကို (၂)ကြိမ်ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပါကြောင်း၊ ယင်းဆုံးဖြတ်ချက်များကို စီမံခန့်ခွဲမှုကော်မတီက အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းတော်တော်များများ ပြီးစီးနေပြီဖြစ်ပါကြောင်း၊ ယခုကျင်းပ သည့် တတိယအကြိမ်ဗဟိုကော်မတီ အစည်းအဝေးတွင် လုပ်ငန်းဆောင်ရွက်မှု အားနည်းချက်များ၊ အခက်အခဲများကို အပြီးသတ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း။
နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့ကို ပြည်ထောင်စုစိတ်ဓာတ်နိုးကြားရှင်သန် ရေး၊ အမျိုး သားစည်းလုံးညီညွတ်မှုခိုင်မာအောင်တည်ဆောက်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုး တက်မြင့်မားရေး စသည့် အမျိုးသားရေး ဦးတည်ချက်များဖြင့် ကျင်းပသွားမည်ဖြစ် ပြီး ယင်းအချက်များကို အကောင်ထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်များက လာရောက်ဖျော်ဖြေကြမည့် တိုင်းရင်း သား ယဉ်ကျေးမှုအဖွဲ့များ၏ နေထိုင် စားသောက်ရေး၊ ကျန်းမာရေး၊ လုံခြုံရေး နှင့် လေ့လာရေးခရီးစဉ်များကို အဆင် ပြေချောမွေ့အောင် ညှိနှိုင်းဆောင်ရွက် ပေးရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ ကိုယ်စားလှယ် တော်များ သက်ဆိုင်ရာနေရာဒေသများ သို့ ချောချောမောမောရောက်ရှိအောင် လုံခြုံရေးတပ်ဖွဲ့အချင်းချင်း ညှိနှိုင်း ချိတ်ဆက်ဆောင်ရွက်သွားရန် လိုပါ ကြောင်း။
နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် လုံခြုံ ရေးကိစ္စရပ်များကို အပြည့်အဝကြပ်ကြပ် မတ်မတ် ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ လုံခြုံရေးဆောင်ရွက်ရာတွင် လည်း ယဉ်ကျေးစွာတိတိကျကျ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်သွားရန် လိုပါ ကြောင်း၊ အခမ်းအနားသို့ တက်ရောက် သူများအနေဖြင့်လည်း လုံခြုံရေးအသိ ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း။
ဧည့်ခံကျွေးမွေးရေး အပိုင်းတွင် အစားအသောက်များ အလေအလွင့် မဖြစ်စေရေး စနစ်တကျတွက်ချက်ဆောင် ရွက်သွားရန်လိုပါကြောင်း၊ အသုံးစရိတ် များကို သုံးစွဲရာတွင် မကုန်သင့် မကုန် ထိုက်သည့် အသုံးစရိတ်မရှိအောင်၊အလေ အလွင့်မဖြစ်အောင် စေ့စေ့စပ်စပ် စိစစ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊နှစ်(၇ဝ) မြောက် ပြည်ထောင်စုနေ့ကို အောင်မြင် စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်း ကြိုးပမ်းလုပ်ဆောင်သွားကြရမည်ဖြစ် ပါကြောင်းနှင့် လုပ်ငန်းလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန် လိုပါ ကြောင်း ပြောကြားသည်။
ထို့နောက် နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် က ပြည်ထောင်စုနေ့အောင်မြင်စွာ ကျင်းပနိုင်ရေး အကြိုပြင်ဆင်ရေးလုပ်ငန်း များ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်း များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆပ်ကော်မတီ များမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက လုံခြုံ ရေး၊ ကြိုဆိုရေး၊ သယ်ယူပို့ဆောင်ရေး၊ သဝဏ်လွှာပြုစုရေး၊ ဘဏ္ဍာရေး၊ ဖိတ်ကြားရေး၊ နေရာချထားရေး၊ ဧည့်ခံ ကျွေးမွေးရေး၊ အလံတင်အခမ်းအနား ကျင်းပရေး၊ မြေစိုက်ပိုစတာများ စိုက်ထူ ရေး၊ ညစာစားပွဲနှင့် ဖျော်ဖြေရေး၊ ပြန်ကြားရေးနှင့် စာရင်းစစ်ဆေးရေး စသည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ အသီးသီးရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့် ပတ်သက်၍ ဒုတိယသမ္မတက လုပ်ငန်းလိုအပ်ချက် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ပြီး နိဂုံးချုပ်အမှာစကား ပြောကြား သည်။ (သတင်းစဉ်)

No comments:

Post a Comment