Tuesday, January 31, 2017

မှန်ကန်သည့်စိတ်ကောင်းစေတနာဖြင့် အရည်အချင်းများကိုအသုံးပြုပြီး ပြည်ထောင်စုကြီး အကျိုးစီးပွားအတွက် ဆောင်ရွက်ကြစေလို

No automatic alt text available.


နေပြည်တော် ဇန်နဝါရီ ၃ဝ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက နှုတ်ခွန်းဆက်စကားပြောကြားရာ၌ ယနေ့ စတင်ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကာလတွင် ပြည်ထောင်စုအစိုးရ အဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ တာဝန်များနှင့်အညီ နိုင်ငံတော်အတွက် မဖြစ်မနေ ဆောင်ရွက်ပေးရမည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်း၊ ၂ဝ၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ၂ဝ၁၇ ခုနှစ် ပြည်ထောင်စု ၏ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်အတည်ပြုပေးကြရမည်ဖြစ်သည့်အတွက် ဘဏ္ဍာရေး နှစ် တစ်နှစ်အတွင်း သတ်မှတ်လျာထားသည့် အချိန်အလိုက် ဦးစားပေးဆောင်ရွက်ကြရမည့် အစည်းအဝေးကာလတစ်ရပ် ဖြစ်ပါကြောင်း။
ထို့ကြောင့် ကိုယ်စားလှယ်များအနေဖြင့် ယခင်ပုံမှန်အစည်း အဝေးကာလများထက် ပိုမိုများပြားသည့် အလုပ်တာဝန်များ နှင့် ကြုံတွေ့ကြရမည် ဖြစ်ပါကြောင်း၊ ဤလုပ်ငန်းတာဝန်များ ကို အချိန်မီအောင်မြင်စွာ ပြီးမြောက်နိုင်ရန်အတွက် အလုပ်၏ အရေးကြီးမှုအပေါ်မူတည်၍ အချိန်ကို အကျိုးရှိသထက်ရှိအောင် စနစ်တကျ စီမံအသုံးပြုနိုင်ရန်နှင့် အားလုံးကလည်း သတ်မှတ် ထားသည့် ဥပဒေ၊ နည်းဥပဒေများအတိုင်း ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း။
ထို့ကြောင့် သက်ဆိုင်သူအားလုံးက စေတနာမှန်၊ လုပ်နည်း လုပ်ဟန် မှန်ကန်စွာဖြင့် အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း၊ အထက်ပါ ဥပဒေကြမ်းများနှင့် စပ်လျဉ်း ပြီး ဥပဒေဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာနှင့် ငွေကြေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာများတင်သွင်းကြရာတွင် အထောက် အကူပြုနိုင်ရန်အတွက် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် နိုင်ငံတော် ၏ အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် နောက်ထပ်ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေးဥပဒေကြမ်းများ၌ ပါဝင်သည့် စီမံကိန်းလုပ်ငန်းများ နှင့် ရငွေသုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့ကိုလည်း ယခင်ဖွဲ့စည်း မှုကိုအခြေခံပြီး အဖွဲ့(၁၇)ဖွဲ့ ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့က ချမှတ်ဆောင်ရွက်နေသည့် လုပ်ငန်းစီမံကိန်းများ အမြန်အကောင်အထည်ဖော်နိုင်ရန်နှင့် ရရှိလာသည့် အကျိုးကျေးဇူးများကို ပြည်သူများ လက်ငင်း ရေရှည်ခံစားနိုင်ရန်အတွက် ရည်မှန်းချက်ထားပြီး အမျိုးသား စီမံကိန်းဥပဒေကြမ်းကို လေ့လာစိစစ်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးများ တိုးတက် လာရန်အတွက် လွှတ်တော်ကိုတင်ပြလာသည့် စီမံကိန်းများသည် ပြည်သူအများစုကို ဗဟိုပြု၊ မပြုကိုလည်း ဝိုင်းဝန်းစဉ်းစား အဖြေရှာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ထို့အပြင် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းလာသည့် အမျိုးသား စီမံကိန်းဥပဒေကြမ်းကို လွှတ်တော်က ဆွေးနွေးအတည်ပြုပြီး သည့်အခါ အဆိုပါစီမံကိန်းဥပဒေနှင့် ယခုနှစ်အတွက် အခွန်အခ ကောက်ခံမှုနှုန်းထားများ သတ်မှတ်ချက်များနှင့်အညီ ရေးဆွဲ ထားသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ ကြမ်းကို လက်တွေ့ဆောင်ရွက်ရမည့် စီမံကိန်းဥပဒေနှင့် ကိုက်ညီ မှု ရှိ၊ မရှိကို ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းပါဝင်ဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရမည်ဖြစ်ကြောင်း။
ယနေ့အချိန်အခါသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်များအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသား ပြည်သူများအပေါ် မှန်ကန်သည့် စိတ်ရင်းစေတနာထားရှိပြီး အမြော်အမြင် ကြီးမား စွာဖြင့် လုပ်ကိုင်ဆောင်ရွက်ပေးနိုင်မှု အရည်အချင်းများကို မှတ်ကျောက်တင်ခံရမည့် အချိန်လည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ မှန်ကန်သည့် စိတ်ကောင်းစေတနာဖြင့် အရည်အချင်းများကို အသုံးပြုပြီး ပြည်ထောင်စုကြီး အကျိုး စီးပွားအတွက် ပူးပေါင်းဆောင်ရွက်နိုင်ကြစေလိုကြောင်း၊ မိမိတို့ နိုင်ငံတော်နှင့် နိုင်ငံသားများသာမက နိုင်ငံတကာကအလေး ထားသည့် ဥပဒေပြုလွှတ်တော်အသီးသီးအဖြစ် ရပ်တည်နိုင် စေရေးအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ အားလုံးက သန့်ရှင်းသည့် စေတနာ၊ မှန်ကန်သည့် လုပ်နည်း လုပ်ဟန်များဖြင့် မိမိတို့၏ ကိုယ်စီတာဝန်ကျေပွန်မှုများကို ထုတ်ဖော်ပြသနိုင်ကြစေလိုကြောင်း တိုက်တွန်းပြောကြား သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည့် (၇)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင် ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးနှင့် (၈)ကြိမ်မြောက် က္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် ထိပ်သီးအစည်းအဝေး ခရီးစဉ်နှင့် ထိုင်းနိုင်ငံဘုရင်မင်းမြတ် နတ်ရွာစံခြင်းအတွက် ကျင်းပသည့် ဝမ်းနည်းကြောင်းအထိမ်းအမှတ် တရားဝင် အခမ်းအနားသို့ တက်ရောက်ခဲ့သည့်ခရီးစဉ်များကို လွှတ်တော် က မှတ်တမ်း တင်သည်။
ယင်းနောက် လွှတ်တော်နာယကက ''သက်ကြီးရွယ်အိုများ ဆိုင်ရာဥပဒေကြမ်း''ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း နှင့် ပြည်ထောင်စုလွှတ်တော် နိုင်ငံတကာပါလီမန်များအဖွဲ့ ဆိုင်ရာ ပူးပေါင်းကော်မတီဥက္ကဋ္ဌအဖြစ် မ္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းအား ပြောင်းလဲတာဝန်ပေးအပ်ကြောင်းကို ရှင်းလင်းပြောကြားပြီး လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် အတည်ပြုသည်။
ပြည်ထောင်စုလွှတ်တော်နာယက က စစ်ကိုင်းတိုင်းဒေသ ကြီး တန့်ဆည်မြို့နယ်နှင့် ခ္တီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုနှင့် ကျေးရွာများ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ကျေးရွာတစ်ရွာ အမည်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခြင်း၊ မ္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်၊ မြင်းခြံမြို့နယ်၊ တံတားဦးမြို့နယ်၊ မြစ်သား မြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ ကျောက်ဆည် မြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့အတွင်းရှိ ကျေးရွာအုပ်စု၊ ကျေးရွာ များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ကျေးရွာ ၁၁ ရွာ အမည် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခြင်း၊ ရခိုင်ပြည်နယ် စစ်တွေခရိုင် စစ်တွေမြို့နယ် ရွာသစ်ကေကျေးရွာ အုပ်စုအတွင်းရှိ အောင်မင်္ဂလာကျေးရွာကို အောင်မင်္ဂလာမြောက်ရပ်ကွက် အဖြစ် ပြင်ဆင်ဖွဲ့စည်းခြင်းကိစ္စရပ်များကို လွှတ်တော်သို့ တင်ပြပြီး မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်Óဏစိုးက လွှတ်တော် နှစ်ရပ် သဘောကွဲလွဲသော ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေ ကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိ ချက်နှင့် သဘောထားမှတ်ချက်များပါဝင်သော ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားသည်။
လွှတ်တော်နာယကက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည် စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ၂ဝ၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဝင်ငွေအပြည့်အဝရရှိရေး၊ သင့်တင့် မျှတပြီး ပြည်သူအများ လိုက်နာထမ်းဆောင်နိုင်သော အခွန်နှုန်း ထားများဖြစ်စေရေး၊ ပြည်သူအများ အခွန်ဆိုင်ရာ အသိပညာ၊ ဗဟုသုတတိုးပွားပြီး လိုလားစွာ အခွန်ထမ်းဆောင်လာစေရန် ကြိုးပမ်းဆောင်ရွက်ရေး၊ နိုင်ငံတကာစံနှုန်းများနှင့် လျော်ညီ သော အခွန်စနစ်ဖြစ်ပေါ်လာရေး၊ အခွန်တိမ်းရှောင်မှုများ ပပျောက်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ယင်းသို့ ဆောင်ရွက်ရာတွင် အခွန်ဝန်ထမ်းများ၏ စိတ်ထား ခံယူချက်၊ လုပ်ဆောင်ချက်များ ပြုပြင်ပြောင်းလဲရေး၊ ဆုပေး ဒဏ်ပေးစနစ်ကို ထိရောက်စွာ ကျင့်သုံးဆောင်ရွက်ရေး၊ အခွန် ပညာပေးမှု ပိုမိုလုပ်ဆောင်ရေး၊ နိုင်ငံတကာအဆင့်မီ အခွန် စနစ် ဖြစ်ပေါ်လာစေရေးတို့အတွက် တာဝန်ရှိသည့် ဌာနအဖွဲ့ အစည်းများက ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး အခွန်ထမ်း ပြည်သူများဘက်ကလည်း မိမိတို့၏ ပုဂ္ဂလိကအကျိုးစီးပွား တစ်ခုတည်းကိုသာ မကြည့်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ အခွန်တာဝန်ကို လိုလားစွာ ထမ်းဆောင်လာကြ စေရန် လိုအပ်ပါကြောင်း။
အခွန်ထမ်းများ၏ အခွန်ထမ်းဆောင်မှု၊ အခွန်ဝန်ထမ်း များ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ စနစ်တကျ ကြပ်မတ် ဆောင်ရွက်ကြရာတွင် လွှတ်တော်ကိုယ်စားလှယ်တော်ကြီး များကလည်း ဝိုင်းဝန်းပူးပေါင်းပါဝင်၍ လိုအပ်သည်များကို ဆွေးနွေးအကြံပြုပေးကြပါရန်နှင့် ၂ဝ၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေမူကြမ်းကို ဆွေးနွေးသုံးသပ်၍ အတည် ပြုပေးနိုင်ပါရန် လွှတ်တော်သို့ တင်သွင်းအပ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေ ကြမ်းနှင့် ၂ဝ၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ၂ဝ၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးတို့ကိုယ်စား ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်း၊ ပြည်ထောင်စုလွှတ်တော်ရုံးကိုယ်စား ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်ရုံးကိုယ်စား ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌတို့က သက်ဆိုင်ရာရုံး အလိုက် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် ရငွေ၊ သုံးငွေလျာထားချက်များကို လွှတ်တော်သို့ ရှင်းလင်းတင်ပြ ခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment