Sunday, January 1, 2017

ပါကစ္စတန်တွင် ချက်အရက်သောက်သုံးမှုကြောင့် ၄၂ ဦး သေဆုံး



Image may contain: drink
အစ္စလာမ္မာဘတ် ဒီဇင်ဘာ ၃၁
ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် တွင် အဆိပ်သင့်ချက်အရက်သောက်သုံးမှု ကြောင့် ၄၂ ဦးသေဆုံးရကြောင်း ပါကစ္စတန် အထက်လွှတ်တော် ကော်မတီတစ်ရပ်မှ တာဝန်ရှိသူများက ပြောကြားကြသည်။
သေဆုံးသူများတွင် ခရစ်ယာန်ဘာသာဝင်များ အများစုဖြစ်ကြသည်။ ပန်ဂျပ်ပြည်နယ် တိုဘာတက်ခ်ခရိုင်တွင် ခရစ္စမတ်ပွဲတော် ကာလ အဆိပ်သင့်ချက်အရက်သောက်သုံးမှုကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း အထက် လွှတ်တော်ပြည်ထဲရေးနှင့်မူးယစ်ထုံထိုင်း ဘေးဖြစ်စေနိုင်သော ပစ္စည်းများတိုက်ဖျက် ရေးကော်မတီက ပြောကြားသည်။
ဥပဒေမဲ့ချက်အရက် ထုတ်လုပ်သူများ ကို ဖော်ထုတ်အရေးယူရန် အဆိုပါကော်မတီ က အစိုးရအဖွဲ့အား တိုက်တွန်းသည်။
ချက်အရက် အဆိပ်သင့်မှုကြောင့် သေဆုံးရသူ ၄၂ ဦးရှိကြောင်း၊ ပါကစ္စတန် နိုင်ငံတွင် ချက်အရက်နှင့်မူးယစ်ဆေးဝါးတို့ကြောင့် သေဆုံးရသူဦးရေသည် အကြမ်းဖက် မှုများကြောင့် သေဆုံးရသူဦးရေထက်ပိုမိုများပြားကြောင်း ကော်မတီဥက္ကဋ္ဌ ရာမန်မာလစ်က ပြောကြားသည်။
မူဘာရာဘက်အမည်ရှိ ကျေးရွာတွင် ဒီဇင်ဘာ ၂၅ ရက်က ချက်အရက် သောက်သုံး သူများ အစာအိမ်ဆိုင်ရာဝေဒနာများခံစားခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။ အရက် အဆိပ်သင့်မှုကြောင့် သေဆုံးသူများထဲတွင် မွတ်စလင်နှစ်ဦးနှင့် အရက်ရောင်းသူနှစ်ဦးလည်း ပါဝင်သည်ဟု သတင်းတွင် ဖော်ပြသည်။
ဆင်ဟွာ။

No comments:

Post a Comment