Sunday, January 1, 2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ၂ဝ၁၇ ခုနှစ် နှစ်သစ်ကူး မင်္ဂလာနှုတ်ဆက်စကား



Image may contain: 1 person, closeup
ချစ်ခင်လေးစားရပါသော တိုင်းရင်းသားပြည်သူများ အားလုံး ၂ဝ၁၇ ခုနှစ် နှစ်သစ်မင်္ဂလာအခါသမယမှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ဦးစွာမေတ္တာ ပို့သအပ်ပါတယ်။
ယနေ့အချိန်အခါဟာ တိုင်းရင်းသားပြည်သူများရဲ့ ဆန္ဒနဲ့အညီ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသောကာလဖြစ်၍ မိမိတို့မျှော်မှန်းတဲ့ ဒီမိုကရေစီ ပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိရန် တိုင်းရင်းသား ပြည်သူများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ အထူးလိုအပ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရေးတို့အတွက် တိုင်းရင်းသားပြည်သူများ အားလုံးက စည်းလုံးညီညွတ်စွာ တက်ညီလက်ညီ အတူလက်တွဲ၍ ဆောင်ရွက်ကြရမယ့်အချိန်အခါလည်း ဖြစ်ပါတယ်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ပြည်တွင်းငြိမ်း ချမ်းရေးရရှိဖို့၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဆက်လက် ရှင်သန်နိုင်ဖို့၊ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲဖို့အတွက် မပြတ်သောသတိ၊ မလျှော့သောလုံ့လ၊ ဝီရိယနဲ့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အားထုတ်နိုင်ကြပါစေ၊ နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားအားလုံးတို့ရဲ့အကျိုးကို ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ကြပါစေ၊ ပြည်ထောင်စုကြီးနှင့် အနာဂတ် မျိုးဆက်များအတွက် မိမိတို့က ဘယ်ပုံဘယ်နည်းနဲ့ စွမ်းဆောင်ပေးနိုင်ကြမလဲဆိုတဲ့ စိတ်သစ်၊ လူသစ်ကို နှစ်သစ်မှာ မွေးမြူနိုင်ကြပါစေလို့ ဆန္ဒပြုနှုတ်ခွန်းဆက်သ လိုက်ပါတယ်။

No comments:

Post a Comment