Sunday, January 1, 2017

အမေရိကန်အရေးယူမှုအတွက် ပူတင်၏ ဆုံးဖြတ်ချက်ကို ထရန့်ချီးကျူး



Image may contain: 2 people
ဝါရှင်တန် ဒီဇင်ဘာ ၃၁
အမေရိကန်နိုင်ငံက ရုရှားနိုင်ငံအပေါ် နောက်ဆုံးချမှတ်လိုက်သည့် အရေးယူမှုများအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြန်လည်တုံ့ပြန်ခြင်း မပြုသည့် ဆုံးဖြတ်ချက်ကို အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် က ချီးကျူးလိုက်သည်။
ပူတင်၏ တုံ့ပြန်မှုသည် ထူးကဲသည့်လှုပ်ရှားမှုဖြစ်ပြီး ပူတင်သည် အမြဲတမ်း တက်ကြွထက်မြက်သူ တစ်ဦးဖြစ်ကြောင်း ထရန့်က ၎င်း၏ တွစ်တာစာမျက်နှာတွင် သောကြာနေ့က ရေးသားဖော်ပြခဲ့သည်။ အမေရိကန်သတင်းမီဒီယာများက ပူတင်၏ တုံ့ပြန်မှုသည် ယုံကြည် စိတ်ချရမှုမရှိဟု ဆိုကြသည်။
ပူတင်အနေဖြင့် အမေရိကန် နိုင်ငံကို ပြင်းပြင်းထန်ထန် တုံ့ပြန်သည့် လမ်းစဉ်ကို ရွေးချယ်မည်ဆိုပါက နှစ်နိုင်ငံကြားဆက်ဆံရေး အခြေအနေ ပိုမိုဆိုးရွားသွားဖွယ်ရှိသည်ဟု နယူးယောက်တိုင်းသတင်းစာက ရေးသားဖော်ပြသည်။
အိုဘားမားအစိုးရ၏ ပြင်းထန်သည့်အရေးယူဒဏ်ခတ်မှုကို ရုရှားနိုင်ငံ၏တုံ့ပြန်ပုံသည် မကြာမီ အမေရိကန် သမ္မတဖြစ်လာတော့မည့် ဒေါ်နယ်ထရန့်နှင့် ရင်းနှီးသည့် ဆက်ဆံရေးတည်ဆောက်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု နယူးယောက် တိုင်းသတင်းစာက မှတ်ချက်ပြုသည်။
အမေရိကန် ရွေးကောက်ပွဲ၌ ဟက်ကာလုပ်ဆောင်မှုများ ရှိသည်ဆိုကာ ရုရှားသံတမန် ၃၅ ဦးအား အမေရိကန်က နှင်ထုတ်ခဲ့သည်။ ဟက်ကာတိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ရုရှားက ငြင်းဆန်သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment