Monday, January 30, 2017

မြန်မာနိုင်ငံ၏ဘဏ်လုပ်ငန်းဆိုင်ရာနှင့် အစိုးရဌာနများ၏ ဘတ်ဂျက်ရေးဆွဲခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများဆွေးနွေး

Image may contain: 1 person, standing

နေပြည်တော် ဇန်နဝါရီ ၂၉

ပြည်ထောင်စုလွှတ်တော် လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့နှင့် သပြေညိုအင်စတီကျု (Eugenia Institute)တို့၏ ပေါင်းစပ်စီစဉ်မှုဖြင့် မြန်မာနိုင်ငံ၏ဘဏ်လုပ်ငန်းဆိုင်ရာနှင့် အစိုးရဌာနများ၏ ဘတ်ဂျက်ရေးဆွဲခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် လွှတ်တော်ဝင်းသဘင်ဆောင်၌ ကျင်းပသည်။
တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်
ဆွေးနွေးပွဲတွင် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဖွင့်အမှာစကား ပြောကြားပြီးဘဏ်လုပ်ငန်းဆိုင်ရာ အကြံပေးများ ဖြစ်ကြသော ဦးရဲမင်းဦးနှင့် ဦးစိုးသိန်းတို့က မြန်မာနိုင်ငံ၏ငွေရေးကြေးရေးကဏ္ဍ၊ ဘတ်ဂျက်ရေးဆွဲခြင်း၏ ရည်ရွယ်ချက်၊ သဘောတရားနှင့် ဘတ်ဂျက်သံသရာ၊ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်လိုအပ်သည့် ဘဏ္ဍာရေးရပ်ဝန်းနှင့် ဘတ်ဂျက်ဖွဲ့စည်း မှုပုံသ္ဌာန်တို့ကို ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသည့်လွှတ်တော် ကိုယ်စားလှယ်များက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment