Monday, January 30, 2017

ဂျပန်-မြန်မာ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မြဲရေးနှင့် ကဏ္ဍစုံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး



နေပြည်တော် ဇန်နဝါရီ ၂၉ 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ဂျပန်-မြန်မာပါလီမန်ချင်းချစ်ကြည်ရေး ကော်မတီဥက္ကဋ္ဌနှင့် Parliamentary Sakura Promotion Association of Japan ဥက္ကဋ္ဌ H.E.Mr. ICHIRO AISAWA အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဂျပန်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မြဲရေး၊ ဂျပန်- မြန်မာ နှစ်နိုင်ငံလွှတ်တော်အချင်းချင်း၊ အစိုးရအချင်းချင်း၊ ပြည်သူအချင်းချင်း၊ ကဏ္ဍစုံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ် သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော် ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ (သတင်းစဉ်)

No comments:

Post a Comment