Monday, January 30, 2017

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လှည့်လည်ကြည့်ရှုစစ်ဆေး

Image may contain: 2 people, people standing

နေပြည်တော် ဇန်နဝါရီ ၂၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စံပြဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက မွေးမြူရေး လုပ်ငန်းများနှင့် ပတ်သက်၍ Evap Type အအေးပေးစနစ် ဖြင့်Novogen Brown ဥစားကြက်၊ မီးကိုင်ဥစားကြက်နှင့် အသားတိုးကြက် မွေးမြူထားရှိမှု အခြေအနေများ၊DYL ဝက်များ၊ အသားတိုးဝက်နှင့် ဝက်သားပေါက်များ မွေးမြူရောင်းချ မှုအခြေအနေများ၊ ငါးကန်များအတွင်း သုံးလွှာစနစ်ဖြင့် ငါးမျိုး စုံမွေးမြူထားရှိမှုအခြေအနေများ၊ နို့စားနွား မွေးမြူထားရှိမှုနှင့် နွားနို့ထုတ်လုပ်ရောင်းချမှုအခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်း များနှင့် ပတ်သက်၍ စိန်တလုံးသရက်၊ တစ်ရှူးငှက်ပျော၊ ငွေနှင်း မှို၊ ကြယ်ပဲနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများ စိုက်ပျိုးထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ခင်းကျင်းပြသထားသည့် တိုင်းစစ်ဌာနချုပ် စံပြ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းမှ ထွက်ရှိသော ငွေနှင်းမှို၊ ကြယ်ပဲ နှင့် ခြံထွက်သီးနှံများအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဘက်စုံစိုက်ပျိုးမွေးမြူရေး စခန်းအတွင်းရှိ ကြယ်ပဲများစိုက်ပျိုးထားရှိမှု၊ ငါးကန်များအတွင်း ငါးများမွေးမြူ ထားရှိမှု၊ နို့စားနွားများမွေးမြူထားရှိမှု၊DYL ဝက်များအားBattery Case ဖြင့် မွေးမြူထားရှိမှု၊DYL မျိုးဝက်မများအား သီးခြားစီခွဲ၍ ထားရှိမှု၊ သားခွဲအသားတိုးဝက်ပေါက်များ မွေးမြူ ထားရှိမှုနှင့် အသားတိုးဝက်များ မွေးမြူထားရှိမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရတနာပုံသတင်းစာတိုက် သို့ သွားရောက်ပြီး သတင်းစာတိုက်အတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment