၂ဝ၁၇ ခုနှစ်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်သားများအတွက် မင်္ဂလာရှိသောနှစ်ဖြစ်ပါစေ၊ မင်္ဂလာဟူသည်မှာ စစ်မှန်သော ကြီးပွားတိုးတက်မှုဖြစ်သည်။ စစ်မှန်သော ကြီးပွားတိုးတက်မှုရရှိနိုင်ရန် ယုံကြည်ချက်ခိုင်မာခြင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ သုတပညာ ကျယ်ပြန့်စွာ ဆည်းပူးခြင်း၊ ကိုယ်ကျိုးစွန့်နိုင်ခြင်း၊ အမြော်အမြင်ကြီးမားခြင်းတို့သည် လိုအပ်သော အရည်အချင်းကောင်းများ ဖြစ်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်သားအားလုံး ကြီးပွားချမ်းသာ ၂ဝ၁၇ ခုနှစ်ကို မင်္ဂလာနှစ်ဖြစ်အောင် ကြိုးပမ်းအားထုတ် ကြပါကုန်။
No comments:
Post a Comment