Monday, January 30, 2017

အစ္စလာမ္မစ်နိုင်ငံများမှ ရွှေ့ပြောင်းသွားလာသူများ အမေရိကန်သို့ဝင်ရောက်ခွင့် ပိတ်ပင်ရာမှ မကျေနပ်မှုများပေါ်ပေါက်

Image may contain: one or more people and crowd

ဝါရှင်တန် ဇန်နဝါရီ ၂၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အစ္စလာမ္မစ်နိုင်ငံကြီးခုနစ်ခုတို့မှ ပြည်သူများ အား အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခြင်းကို ပိတ်ပင်ကန့်သတ်ရန် အမိန့်ထုတ်ပြန် လိုက်ရာ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းသွားလာသူများသည် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခံလိုက်ရပြီး လေဆိပ်များတွင် သောင်တင်နေခဲ့သည့်အတွက် စနေနေ့က စတင်ကာ အရှုပ်အထွေးများနှင့် အခဲမကျေဖြစ်မှုများ ပေါ်ထွက်လာခဲ့သည်။
ထရန့်စတင်ရုံးထိုင်ခဲ့ပြီး တစ်ပတ်အကြာတွင် အဆိုပါဆုံးဖြတ်ချက်သည် အမေရိကန်နိုင်ငံအတွင်းမှ အရှုပ်အထွေးများကို အပျောက်ရှင်းလိုသည့်အပြတ်သားဆုံး ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့သည်။ ရီပတ်ဘလစ်ကန်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါ်နယ် ထရန့်သည် အမေရိကန်နိုင်ငံအတွင်းသို့ ဒုက္ခသည်များဝင်ရောက်ရန် လေးလကြာ ခွင့်ပြုပေးထားပြီး ဆီးရီးယားနှင့် အခြားသောနိုင်ငံခြောက်ခုတို့မှ ခရီးသွားလာ သူများကို ယာယီပိတ်ဆို့မှုပြုလုပ်ခဲ့သည်။
ပြည်တွင်းလူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့များ၊ ဘာသာရေးသက်ဝင်ယုံကြည်သူ အုပ်စုများနှင့် ဒီမိုကရက်တစ်နိုင်ငံရေးသမားများသည် ဒေါသူပုန်ထလျက်ရှိပြီး ထရန့်၏ အမိန့်ထုတ်ပြန်မှုကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ရန် စီစဉ်လျက် ရှိသည်။ အမေရိကန်နိုင်ငံတစ်လွှားရှိ လေဆိပ်များတွင် အရှုပ်အထွေးများနှင့် ပဋိပက္ခများ ပေါ်ပေါက်လျက်ရှိသည်။
နယူးယောက်မြို့ ဘရွတ်ကလင်ရှိ ဖက်ဒရယ် တရားသူကြီးတစ်ဦးက ယာယီ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဘရွတ်ကလင်တရားရုံးအပြင်ဘက်ရှိ ထောက်ခံသူ များနှင့် ဒါးလက်စ်၊ ချီကာဂို၊ နယူးယောက်နှင့် အခြားသောလေဆိပ်များ၌ ဖြစ်ပွားနေသည့် ပဋိပက္ခများတွင် အများစုက ထရန့်ဆုံးဖြတ်ချက်ကို သဘောတူ ထောက်ခံခဲ့ကြသော်လည်း ထရန့်၏ဆုံးဖြတ်ချက်သည် ကြီးမားသည့်ထိုးနှက် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။
အမိန့်ထုတ်ပြန်မှုသည် အမေရိကန်၏ အနီးကပ်ဆုံး မဟာမိတ်နိုင်ငံများ၏ဝေဖန်မှု ကို အပြင်းအထန်ခံနေရသော်လည်း တရားရုံးဆုံးဖြတ်ချက်က ထရန့်၏ညွှန်ကြား ချက်များကို နောက်ဆုတ်သွားအောင် ပြုလုပ်နိုင်စွမ်းမရှိခဲ့ပေ။
ထရန့်သည် ၄င်း၏အမိန့်ထုတ်ပြန်မှုသည် အစ္စလာမ်ဘာသာဝင်များအား ပိတ်ပင်ခြင်းမဟုတ်ကြောင်း၊ ယင်းသို့ဆောင်ရွက်သင့်သည်မှာ ကြာပြီဖြစ်ကြောင်း စနေနေ့က အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းအတွင်း၌ သတင်းထောက်များအား ဖြေကြားခဲ့သည်။
(ရိုက်တာ)

No comments:

Post a Comment