Monday, January 30, 2017

ယာဉ်များဖြင့်ပိတ်ဆို့နေသော စလင်းစည်ပင်ဈေးလမ်း ရှင်းလင်းပေးစေလို

Image may contain: sky, tree and outdoor
ထင်သာမြင်သာပြုပြင်စရာ
မကွေးတိုင်းဒေသကြီး စလင်းစည်ပင်ဈေးလမ်းသည် ယခင်က လမ်းကျဉ်းသဖြင့် လူသွားပလက်ဖောင်းများကိုဖြိုကာ လမ်းချဲ့ ထွင်ပေးခဲ့ပါသည်။ လမ်းကျယ်သွားသော်လည်း စည်းကမ်းမဲ့ ဈေးလာမော်တော်ယာဉ်များသည် ယာဉ်ကြောပြောင်းပြန် ရပ်ခြင်းနှင့် လမ်းကို ကန့်လန့်ခံ၍ ရပ်နားထားခြင်းတို့ကြောင့် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်လျက်ရှိသည်။
အဆိုပါစည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များ ကြောင့်  ဈေးသွား ဈေးပြန်များ၊ ကျောင်းသား ကျောင်းသူ များမှာ လမ်းကြောကျဉ်းမြောင်းပိတ်ဆို့ပြီး ယာဉ်တိုက်မှု အ္တရာယ်ဖြစ်ပွားရန်စိုးရိမ်နေရသဖြင့် သက်ဆိုင်ရာမှ အမြန်ဆုံး ရှင်းလင်းပေးစေလိုကြောင်း သိရသည်။
စစ်ကြည်(စလင်း)

No comments:

Post a Comment