Saturday, January 28, 2017

ကြိုးကြာနီတို့ အရှိန်ဟုန်မြှင့်ပြီး ချယ်လ်ဆီးကို ကျော်ဖြတ်ပျံသန်းနိုင်ပါ့မလား

Image may contain: 2 people, people playing sports and outdoor


မိုးမြင့်လင်းလက်

ဒီတစ်ပတ် စနေ၊ တနင်္ဂနွေမှာ အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲတွေ ကစားပေမယ့် ပရီမီယာလိဂ်ပွဲစဉ်(၂၃)ကို လာမယ့် ဇန်နဝါရီ ၃၁ ရက်မှာ ဆက်လက်ယှဉ်ပြိုင်ကစား မှာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာတော့ အက်ဖ်အေဖလားပွဲကြောင့် ခြေကုန်ထုတ်ယှဉ်ပြိုင်ခဲ့ကြ ရတဲ့ ထိပ်တန်းအသင်းတွေအတွက်ကတော့ ပွဲပန်းနေမှာ သေချာတာမို့ ဘယ်လို ကစားသမားတွေနဲ့ အားသွန်ခွန်စိုက်စွမ်းဆောင်ပုံဖော်ကြဦးမလဲဆိုတာ စောင့်ကြည့် ချင်စရာကောင်းနေတာတော့ အမှန်ပါပဲ။
အာဆင်နယ်နှင့် ဝက်ဖို့ဒ်
တန်းစီဇယား ဒုတိယနေရာကိုရောက်နေတဲ့ အာဆင်နယ်တို့ ထိပ်ဆုံးက ချယ်လ် ဆီးကို ဖိအားပေးနိုင်ဖို့ ပွဲတိုင်းအမှားအယွင်းမခံရအောင် ကစားနေပြီဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲစလုံးရှုံးပွဲမရှိအောင် ခြေစွမ်းပုံမှန်ရခဲ့တဲ့ အာဆင်နယ်ဟာ အဝေးကွင်းမှာ ကစားအားကျတတ်တဲ့ ဝက်ဖို့ဒ်ကို ဖိအားပေးကစားပါလိမ့်မယ်။ ဝက်ဖို့ဒ် ရဲ့ အားနည်းချက်က တိုက်စစ်ရော၊ ခံစစ်ပါဖြစ်ပြီး အထူးသဖြင့် ခံစစ်မှူးတွေ နားလည် မှုလွဲတတ်တာကို အာဆင်နယ်တိုက်စစ်မှူးတွေ အခွင့်ကောင်းယူသွားနိုင်ပါတယ်။ ဒီပွဲက အာဆင်နယ်နိုင်ပွဲဖြစ်ပြီး ပထမအကျော့ သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့အတိုင်း ပြန်ထွက်ပေါ်နိုင်ပါတယ်။
လီဗာပူးနှင့် ချယ်လ်ဆီး
ပရီမီယာလိဂ်ကို ရယူဖို့ ဦးဆောင်နေတဲ့ ချယ်လ်ဆီးဟာ အခုပွဲရလဒ်က အရေးကြီး နေပါတယ်။ ဆောက်သမ်တန်နဲ့ ဆွမ်ဆီးတို့ကို ဆက်တိုက်ရှုံးပွဲကြုံတွေ့ထားတဲ့ လီဗာ ပူးဟာ အခုပွဲ အိမ်ကွင်းလည်းဖြစ်တာမို့ ကြိုးကြာနီတို့ရဲ့ အကောင်းဆုံးအခင်းအကျင်း နဲ့ အမြင့်မားဆုံး အားထုတ်မှုကို ပြသဖို့ ကြိုးစားပါလိမ့်မယ်။ နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ လေးဂိုးသာသွင်းယူနိုင်ခဲ့တဲ့ လီဗာပူးရဲ့ တိုက်စစ်ကတော့ အားရစရာမရှိပါ ဘူး။ လက်ရှိအိမ်ကွင်း နှစ်ပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုကို ချယ်လ်ဆီးနဲ့ ပွဲမှာ ပြန်လည် စတင်နိုင်မလားကြည့်ရမှာပါ။ ချယ်လ်ဆီးတို့ကတော့ ပထမအကျော့ အိမ်ကွင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးထားတဲ့ ခံစားမှုကို အခုပွဲမှာ ပြန်လည်ချေဖျက်ပြီး အောင်ပွဲခံဖို့ ကြိုးစားပါလိမ့်မယ်။
ဆန်းဒါးလန်းနှင့် စပါး
စပါးကွင်းမှာ ဒီနှစ်သင်းနောက်ဆုံးတွေ့ဆုံခဲ့တဲ့ပွဲမှာ စပါးက တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ပွဲ ရထားခဲ့ပါတယ်။ တန်းစီဇယား တတိယနေရာမှာ ရပ်တည်နေတဲ့ စပါးတို့က ခြေစွမ်း ကောင်းမွန်နေပြီး နောက်ဆုံးငါးပွဲကစားခဲ့ရာမှာ ရှုံးပွဲမရှိဘဲ တိုက်စစ်မှူးတွေက ၁၄ ဂိုးအထိ သွင်းယူခဲ့တာမို့ တန်းစီဇယား အောက်ဆုံးက ဆန်းဒါးလန်းတို့ အိမ်ကွင်းမှာ ကစားရပေမယ့် အမှတ်မရနိုင်ပါဘူး။ စပါးတို့ အမှတ်ပြည့်ရပါလိမ့်မယ်။
ဘန်လေနှင့် လက်စတာ
ပရီမီယာလိဂ် လက်ရှိချန်ပီယံ လက်စတာတို့ကတော့ တန်းဆင်းဇုန်အတွင်း မကျ ဆင်းအောင် ရုန်းကန်မယ့်ပွဲပါပဲ။ ပထမအကျော့မှာ လက်စတာတို့က သုံးဂိုးပြတ်နိုင်ပွဲ ရထားပေမယ့် ဒီပွဲမှာ ဘန်လေတို့ ရှုံြးေ<ွကးပြန်ဆပ်နိုင်ရေး ကြိုးစားလာပါလိမ့်မယ်။ ဘန်လေတို့ရဲ့ လတ်တလော စွမ်းဆောင်မှုက ဆန်းဒါးလန်းနဲ့ ဆောက်သမ်တန်တို့ကို နိုင်ပွဲဆက်တိုက်ရခဲ့ပေမယ့် အာဆင်နယ်ကို ရှုံးထားပါတယ်။ အမှတ်လိုအပ်နေတဲ့ ဘန်လေဟာ ဒီပွဲမှာ အနိမ့်ဆုံး တစ်မှတ်ရအောင်ယူဖို့ ခြေကုန်ထုတ်ပါလိမ့်မယ်။
ဘုန်းမောက်နှင့် ခရစ္စတယ်ပဲလေ့စ်
တန်းဆင်းဇုန်ထဲ ကျရောက်နေတဲ့ ပဲလေ့စ်တို့က ဒီပွဲမှာတော့ အမှတ်ပြည့်ရယူနိုင် ရေး ရုန်းကန်လာပါလိမ့်မယ်။ ဘုန်းမောက်တို့ကတော့ နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ ဆွမ်ဆီးတစ်သင်းသာနိုင်ပြီး ကျန်ပွဲတွေက သရေပွဲ၊ ရှုံးပွဲတွေချည်းဖြစ်နေပါတယ်။ ပဲလေ့စ်တို့ကလည်း ရလဒ်တွေ ဆိုးရွားနေတာမို့ အခုပွဲဟာ ပထမအကျော့ပွဲ ရလဒ်လို သရေပွဲဖြစ်သွားနိုင်ပါတယ်။
မစ်ဒယ်ဘရော့နှင့် ဝက်စ်ဘရွန်း
ကြိုးစားအားထုတ်မှု ကောင်းကောင်းနဲ့ ပွဲတိုင်းအမှတ်ဆုံးရှုံးမှုနည်းအောင် ကြိုးစား နေတဲ့ ဝက်စ်ဘရွန်းတို့ကတော့ ဒီပွဲမှာ အမှတ်ခွဲယူဖို့ ရှိမှာမဟုတ်ပါဘူး။ ခံစစ်ပိုင်း ကျစ်လျစ်ပြီး ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ်မှူးတွေကြောင့် မစ်ဒယ်ဘရော့တို့ အခက်တွေ့နိုင်တဲ့ပွဲပါ။ မစ်ဒယ်ဘရော့တို့ကလည်း တန်းဆင်းဇုန်အတွင်း မကျဆင်း အောင် အားကုန်ထုတ်လာမှာမို့ ဒီပွဲဟာ ပထမအကျော့လို တစ်မှတ်စီခွဲယူရနိုင်ပါတယ်။
မန်ယူနှင့် ဟားလ်စီးတီး
နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ပွဲစဉ်မှာ မန်ယူက နှစ်ဂိုးပြတ်နိုင်ပွဲရထားပါတယ်။ သရေပွဲ တွေ ဆက်တိုက်ဖြစ်နေတဲ့ မန်ယူအတွက် ဒီပွဲဟာ စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ဟားလ်စီးတီး ရဲ့ ခြေစွမ်းက အသင်းကြီးတွေနဲ့ဆုံရင် ရလဒ်မကောင်းတတ်တာမို့ အခုပွဲမှာ အမှတ် လိုအပ်နေတဲ့ မန်ယူဟာ အိုးထရက်ဖို့ကွင်းမှာ နိုင်ပွဲယူပြီး အမှတ်ပြည့်ရယူပါလိမ့်မယ်။
ဝက်စ်ဟမ်းနှင့် မန်စီးတီး
မန်စီးတီးတို့ကတော့ ခြေစွမ်းအတက်အကျရှိနေပြီး ရလဒ်တွေကလည်း မငြိမ် ပါဘူး။ ဒါပေမယ့် ဒီပွဲကို အနိုင်ရအောင် ကစားမယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြော ကြားနေတာမို့ ကစားသမား အပြောင်းအလဲရှိလာနိုင်မှာပါ။ ဝက်စ်ဟမ်းတို့က မစ်ဒယ် ဘရော့နှင့် ပဲလေ့စ်တို့ကို ဆက်တိုက်နိုင်ပွဲရထားတာမို့ အခုပွဲမှာ မန်စီးတီးကို စိတ် ဓာတ်မြင့်မြင့်နဲ့ ရင်ဆိုင်ပါလိမ့်မယ်။ ဒီနှစ်သင်းနောက်ဆုံးတွေ့ဆုံပွဲမှာမန်စီးတီးက ငါးဂိုး ပြတ် အနိုင်ရထားတာမို့ အမှတ်လိုအပ်နေတဲ့ မန်စီးတီးတို့အမှတ်ပြည့်ရယူပါလိမ့်မယ်။
စတုတ်နှင့် အဲဗာတန်
မန်ယူကို သရေကစားခဲ့တဲ့ စတုတ်နဲ့ မန်စီးတီးကို လေးဂိုးပြတ်အနိုင်ကစားခဲ့တဲ့ အဲဗာတန်တို့ပွဲက အကြိတ်အနယ်ရှိမယ့်ပွဲပါပဲ။ ဒီနှစ်သင်း နောက်ဆုံးကစားခဲ့တဲ့ပွဲ မှာတော့ အဲဗာတန်တို့က တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ထားခဲ့ပါတယ်။ ခံစစ်ပိုင်းအမှားနည်းပြီး တိုက်စစ်မှူးတွေအဆုံးသတ်ပိုကောင်းမွန်တဲ့ အဲဗာတန်ကို စတုတ်တို့ အိမ်ကွင်းဆိုပေ မယ့် အမြင့်ဆုံးတစ်မှတ်လောက်ပဲ ရနိုင်ပါလိမ့်မယ်။ ။

No comments:

Post a Comment