Saturday, January 28, 2017

မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

Image may contain: 2 people, people sitting and indoor

နေပြည်တော် ဇန်နဝါရီ ၂၇

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဂျပန်နိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (JCCI) ၏ ဥက္ကဋ္ဌ မစ္စတာ အကီအို မီမူရ ဦးဆောင်သော စီးပွားရေးကိုယ်စား လှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံရေး ဆိုင်ရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးကြသည်။
တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတနှင့် အတူ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင် မောင်၊ ဦးခင်မောင်ချို၊ ဒေါက်တာ သန်းမြင့်၊ ဦးကျော်ဝင်း၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment