Monday, January 2, 2017

ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ လှုပ်ခတ်နေတဲ့ ကစားသမားများ

Image may contain: 11 people
၂ဝ၁၇ ခုနှစ်၏ ဇန်နဝါရီကစားသမားအပြောင်းအရွှေ့ဈေးကွက်ကတော့ စတင်လို့လှုပ်ခတ်လာခဲ့ပါပြီ။ အဲဒီလိုလှုပ်ခတ်လာခဲ့တဲ့ အပြောင်းအရွှေ့ဈေးကွက်ထဲမှာတော့ စတားရစ်၊ ဘရာဟီနို၊ ရှနိုက်ဒါလင်၊ ဂလင်းဂျွန်ဆင်တို့လည်း ပါဝင်လို့လာခဲ့ပါတယ်။
လီဗာပူးတိုက်စစ်မှူး စတားရစ်ဟာ လီဗာပူးအသင်းကနေ ထွက်ခွာဖို့ မရှိပေမယ့် လီဗာပူးအသင်းအနေနဲ့ကတော့ ပြောင်းရွှေ့ ကြေးပေါင် ၂၅ သန်းနဲ့အထက်ရမယ်ဆိုရင်တော့ ရောင်းထုတ်ဖို့စီစဉ်နေပါတယ်။ အဲဒီလို လီဗာပူးအသင်းစီစဉ်နေစဉ်မှာပဲ စတားရစ်ရဲ့ လုပ်ခလစာနဲ့ လီဗာပူးအသင်းမှာ ပုံမှန်ပွဲထွက် ကစားခွင့်ပျောက်ဆုံးမှုတွေကြောင့် ဝက်စ်ဟမ်း အသင်းအနေနဲ့ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ စီစဉ်နေခဲ့ပါတယ်။
ဝက်စ်ဘရွန်းအသင်းရဲ့ တိုက်စစ်ပိုင်း မှာ အားထားရတဲ့ ကစားသမားတစ်ဦးအဖြစ် ရပ်တည်ခဲ့ဖူးတဲ့ ဘရာဟနိုဟာ နွေရာသီ အပြောင်းအရွှေ့ကာလကတည်းက အသင်းပြောင်းရွှေ့ကစားမယ်ဆိုတဲ့ သတင်းတွေ ထွက်နေခဲ့သူပါ။ အခုတစ်ကြိမ်မှာလည်း ဘရာဟီနိုကိုခေါ်ယူဖို့ အဲဗာတန်အသင်းက စိတ်ဝင်စားနေတာဖြစ်ပြီး ဘရာဟီနိုကို စာချုပ်ချုပ်ဆိုနိုင်ရေးအတွက်လည်း အဲဗာတန် အသင်းနဲ့ စတုတ်စီးတီးအသင်းတို့ အပြိုင်ဖြစ် နေခဲ့ပါတယ်။
ဆောက်သမ်တန်အသင်းရဲ့ ဗဟို နောက်ခံကစားသမားတစ်ဦးဖြစ်တဲ့ ဗီဂျယ်ဗန် ဒစ်ဟာ ပြီးခဲ့တဲ့နွေရာသီဈေးကွက်ကတည်းက မန်စီးတီးအသင်းက ခေါ်ယူဖို့ရှိနေခဲ့တဲ့ ကစား သမားတစ်ဦးဖြစ်ပြီး အခုဇန်နဝါရီဈေးကွက်မှာ တော့ ခံစစ်ပိုင်းအတွက် အားဖြည့်ဖို့ရှိနေတဲ့ ချယ်လ်ဆီးအသင်းရဲ့ စိတ်ဝင်စားမှုကိုခံထား ရတဲ့ ကစားသမားတစ်ဦးဖြစ်လာပါတယ်။ ဆောက်သမ်တန်အသင်းကတော့ ဗီဂျယ် ဗန်ဒစ်ကို ခေါ်ယူမယ်ဆိုရင် ပေါင်သန်း ၅ဝ ရမှ ရောင်းထုတ်မယ်လို့ ဆိုထားပါတယ်။
ဆန်းဒါးလန်းအသင်းအနေနဲ့ အသင်းရဲ့အဓိကတိုက်စစ်မှူး ဂျာမိန်းဒီဖိုးကို ဝက်စ်ဟမ်းအသင်းက ခေါ်ယူဖို့စီစဉ်နေတာကြောင့် ဒီဖိုးကို အသင်းမှာဆက်ရှိနေဖို့ ဆန္ဒပြင်းပြ နေချိန်မှာပဲ ဘယ်နောက်ခံကစားသမား ဗန် အန်ဟော့ကို ခရစ္စတယ်ပဲလေ့အသင်းက စိတ်ဝင်စားနေတဲ့ဆိုတဲ့သတင်းတွေထွက်လာပါတယ်။ ခရစ္စတယ်ပဲလေ့အသင်းကလည်း ဘယ်နောက်ခံကစားသမားလိုအပ်နေတာမို့ ဆန်းဒါးလန်းအသင်းကပဲ ကစားသမားကို ဆက်ထိန်းထားနိုင်မလား၊ ဆမ်အလာဒွိုက်က ပဲ သူ့ရဲ့နည်းပြသစ်တစ်ဦးအနေနဲ့ ခရစ္စတယ် ပဲလေ့အသင်းအတွက် ကစားသမားဖြည့်တင်း မှုအစီအစဉ်ကို အကောင်အထည်ဖော်သွား နိုင်မလားဆိုတာကလည်း ဇန်နဝါရီဈေးကွက် ရဲ့ စိတ်ဝင်စားစရာတစ်ခုပါ။
မန်ယူအသင်းရဲ့ ကွင်းလယ်ကစား သမား ရှနိုက်ဒါလင်ကို ဝက်စ်ဘရွန်းအသင်း က ပြောင်းရွှေ့ကြေးပေါင် ၁၃ သန်းကျော် ပေးပြီး ခေါ်ဖို့စီစဉ်နေပေမယ့် မန်ယူအသင်း ကတော့ ဝက်စ်ဘရွန်းရဲ့ကမ်းလှမ်းမှုကို ငြင်းဆိုထားပါတယ်။ မန်ယူအသင်းအနေနဲ့ ရှနိုက် ဒါလင်ကို ပေါင် ၂၄ သန်းနဲ့ ၂ဝ၁၅ တုန်းက ဆောက်သမ်တန်ကနေ ခေါ်ခဲ့တာဖြစ်လို့ အနည်းဆုံးဝယ်ခဲ့ရတဲ့ဈေးနှုန်းရမှ ရောင်းချမယ်လို့ ဆိုထားတာဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ဂလင်းဂျွန် ဆင်ကို ခေါ်ယူဖို့ စတုတ်စီးတီးအသင်းကို ချဉ်းကပ်မှုတွေ ပြုလုပ်နေပါပြီ။ ဝက်စ်ဟမ်း အသင်းနည်းပြဘီလစ်ဟာ အသင်းရဲ့ လိုအပ် နေတဲ့ ညာနောက်ခံနေရာကို ဖြည့်ဖို့ ပြီးခဲ့တဲ့ နွေရာသီဈေးကွက်ကတည်းက ဂျွန်ဆင်ကို ကမ်းလှမ်းခဲ့တာဖြစ်ပြီး အခုဇန်နဝါရီဈေးကွက် မှာတော့ အာဆင်နယ်နောက်ခံလူ ဂျန်ကင်ဆန်နဲ့ စပါးနောက်ခံလူ ထရစ်ပီယာ တို့ကိုပါ ခေါ်ယူဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။
အဲဗာတန်အသင်းဟာ ချာတန် လူငယ်တိုက်စစ်မှူး လွတ်ခ်မန်းကို အခုဇန်နဝါ ရီအပြောင်းအရွှေ့ဈေးကွက်မှာ ပေါင် ၁ဝ သန်းအထိပေးပြီး ခေါ်ဖို့ ချာတန်အသင်းနဲ့ သဘောတူထားပါတယ်။ ချာတန်အသင်းက တော့ လက်ရှိအချိန်မှာ အငှားနဲ့သဘောတူ ထားတာဖြစ်ပေမယ့် အဲဗာတန်အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူး ဒီလိုဖူးမှာ အေစီမီလန်အသင်းကို ပြောင်းရွှေ့မှာဖြစ်တာကြောင့် လွတ်ခ်မန်းကို အငှားနဲ့မဟုတ်ဘဲ အပြီးသတ် ဝယ်ယူလိုကြောင်း အဲဗာတန်အသင်းက ပြောကြားထားပါတယ်။
နည်းပြမော်ရင်ဟိုအနေနဲ့ လူငယ် ဂိုးသမား ဆမ်ဂျွန်စတုန်းကို အသင်းကနေ အငှားစာချုပ်နဲ့ ထွက်ခွာခွင့်ပြုမယ်လို့ဆိုထား ပါတယ်။ အဲဒါကြောင့် အက်စ်တွန်ဗီလာ အသင်းက အသက်(၂၃)နှစ်အရွယ် ဂိုးသမား ဆမ်ဂျွန်စတုန်းကို ခေါ်ယူဖို့ပစ်မှတ်ထားနေ တာဖြစ်ပြီး ဆမ်ဂျွန်စတုန်းကို ဘရစ္စတိုစီးတီး အသင်း၊ ဝီဂန်အသင်းနှင့် စတုတ်စီးတီး အသင်းတို့ကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေ ပါတယ်။ အဲဒါကြောင့် အပြောင်းအရွှေ့ကာလ အတွင်းမှာ ဘယ်အသင်းကို ဂိုးသမား ဆမ်ဂျွန်စတုန်း ရောက်ရှိမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။
နော့ဝှစ်ခ်ျ တောင်ပံကစားသမား ရော်ဘီဘရက်ဒီကိုတော့ အက်စတွန်ဗီလာ အသင်း၊ ခရစ္စတယ်ပဲလေ့အသင်းနဲ့ ဝက်စ် ဟမ်းအသင်းတို့က ခေါ်ယူဖို့စီစဉ်နေပြီး နော့ ဝှစ်ခ်ျအသင်းကတော့ အသင်းမှာ ဆက်ထား ဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ ဒါပေမယ့် ကစားသမား ကိုယ်တိုင်ကတော့ လက်ရှိစာချုပ်သက်တမ်း ၁၈ လကျန်သေးပေမယ့် အသင်းကနေ ထွက် ခွာဖို့ တာဆူနေပါတယ်။
(ငွေကြယ်)

No comments:

Post a Comment