Monday, January 30, 2017

မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Image may contain: one or more people and people sitting
နေပြည်တော် ဇန်နဝါရီ ၂၉
မူးယစ်တပ်ဖွဲ့စု(၃၅)မြိတ်မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၈ ရက်က မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာ အုပ်စု သာရမဲကျေးရွာနေ ရန်ကျော်၊ အောင်ဇော် လင်း၊ ရန်အောင်၊ မောင်စိုးတို့၏နေအိမ်တို့ကို ရှာဖွေရာ ရန်ကျော်၏နေအိမ်မှ ကြွပ်ကြွပ်အိတ် ဖြင့်ထည့်ထားသော ဘိန်းစာမှုန့် ၆ ဒသမ ၅ ကီလိုကို လည်းကောင်း၊ အောင်ဇော်လင်း၏နေအိမ်မှ ကြွပ်ကြွပ်အိတ်ဖြင့်ထည့်ထားသော ဘိန်းစာမှုန့် ၉ ဒသမ ၆ ကီလိုကိုလည်းကောင်း၊ ရန်အောင် ၏နေအိမ်မှ ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသော ဘိန်းစာမှုန့် သုည ဒသမ ၆၈ ကီလိုကိုလည်းကောင်း၊ မောင်စိုး၏နေအိမ်မှ ကြွပ်ကြွပ်အိတ်ဖြင့်ထည့်ထားသော ဘိန်းစာမှုန့် သုည ဒသမ ဝ၅၈ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိသဖြင့် ရန်ကျော်(ခ)ကျော်ကျော်(၂၂)နှစ်၊ အောင်ဇော်လင်း(၂ဝ)နှစ်၊ ရန်အောင်(၂၄)နှစ်နှင့် မောင်စိုး(ခ) ရခိုင်(၂၉)နှစ်တို့ လေးဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
အလားတူ ဇန်နဝါရီ ၂၈ ရက်က ကသာ မြို့မရဲစခန်းက(ပ) ၄၃/၂ဝ၁၇ ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ(၈)အမှုမှ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားသော ယာဉ်အမှတ် YGN-6F/---- နံပါတ်တပ်ဆင်ထားသည့် HONDA CRV အမျိုးအစားလိုင်စင်မဲ့မော်တော်ယာဉ်ကို မူးယစ်တပ်ဖွဲ့စု(၆)ကသာမှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ ဖြင့်ရှာဖွေရာ ယာဉ်၏နောက်ခန်းကြမ်းခင်းတွင် အံဝှက်ပြုလုပ်၍ သိုဝှက်ထားသော ဘိန်းဖြူ ဆပ်ပြာခွက် ၃၃ ခွက် (အလေးချိန် ၃၉၆ ဂရမ်) နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝဝဝ တို့ကို သိမ်းဆည်းရမိသဖြင့် ပြုံးချို(ခ)တင်ထွေး(၃၇)နှစ် နှင့် မြင့်အောင်(ခ)အောင်အောင်တို့နှစ်ဦး အပေါ် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)

No comments:

Post a Comment