Saturday, January 28, 2017

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ကျင့်သုံးဆောင်ရွက်ခြင်း

မြန်မာ့အလင်းအယ်ဒီတာ့ အာဘော်

 ပုဂ္ဂလိကပိုင် သရက်ခြံ ၂၇ ခြံအား စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ ကျင့်သုံးသည့်လက်မှတ် (Good Agriculture Practices- GAP) ထုတ်ပေးပြီးဟူသော သတင်းသည် ကြိုဆိုရမည့် သတင်းကောင်းဖြစ်ပါသည်။ စိုက်ပျိုးသီးနှံများ၌ ပိုးသတ်ဆေးနှင့် ဓာတု ဓာတ်ကြွင်းများကင်းစေရန် ရည်ရွယ်၍ စိုက်ပျိုးချိန်မှ ရိတ်သိမ်းသိုလှောင် ချိန်အထိ အလေ့အကျင့်ကောင်းများ ကျင့်သုံးသည်ဟူသော အဓိပ္ပာယ်ဖြင့် ဤလက်မှတ် (GAP)ကို ထုတ်ပေးခဲ့ခြင်းဖြစ်ပါသည်။ ဓာတုပိုးသတ် ဆေးတို့ကို ဆေးòန်းအတိုင်း စနစ်တကျအသုံးပြုနိုင်ရေးနှင့် ဘက်စုံ ကာကွယ်ရေးကို နည်းမှန်လမ်းမှန် ကျင့်သုံးနိုင်မှုသည် သီးနှံများ စိုက်ပျိုး ထုတ်လုပ်ရာ၌ အရေးတကြီးလိုအပ်လျက်ရှိသော အလေ့အကျင့်ကောင်း များ ဖြစ်ပါသည်။

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို ကျင့်သုံး၍ စိုက်ပျိုး ထုတ်လုပ်သောသီးနှံတို့သည် ဈေးကောင်းရရှိသည်သာမက စားသုံးသူ ပြည်သူတို့၏ ကျန်းမာရေးအ္တရာယ်ဖြစ်စေမှုကို ကင်းစင်စေပါသည်။ မြန်မာပြည်သူများအကြား ကင်ဆာရောဂါဖြစ်ပွားနှုန်း ကျယ်ပြန့်လာ သောအချိန်အခါ၌ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ကျင့်သုံးသည့် လက်မှတ်ထုတ်ပေးခြင်းသည် ဝမ်းမြောက်ဝမ်းသာ ကြိုဆို ရမည့် သတင်းဖြစ်ပါသည်။ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း များ ကျင့်သုံးသည့်လက်မှတ်ထုတ်ပေးခြင်းကို ပြည်ပပို့ကုန်တိုးချဲ့ရေး အတွက်သာမက ပြည်တွင်းစားသုံးသူ ပြည်သူတို့၏ ကျန်းမာရေးအ္တရာယ် ကင်းစင်စေရေးအတွက်ပါ ရည်ရွယ်လျက် ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ ဆောင်ရွက်သင့်ပါသည်။
စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ကျင့်သုံးနိုင်ရေး အတွက် တောင်သူလယ်သမားတို့အား သင်တန်းများ စီစဉ်ပို့ချသည် သာမက ရုပ်မြင်သံကြားနှင့် FM ရေဒီယိုကဲ့သို့သော အစီအစဉ်များမှ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဖြန့်ဖြူးသင့်ပါသည်။ မြန်မာ့စိုက်ပျိုး ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လမ်းòန်ချက်နှင့် အာဆီယံစိုက်ပျိုး ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လမ်းညွှန်ချက်ကို မူတည်ပြုစု၍ စာအုပ်အဖြစ် ထုတ်ဝေသည်မှာ ကြိုဆိုရမည်ဖြစ်သော်လည်း တောင်သူ လယ်သမားထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် မရောက်ရှိနိုင်ဟု ယူဆပါ သည်။ အဆိုပါလမ်းòန်ချက်၏ အရေးကြီးသော အချက်အလက်သဘော တရားတို့ကို တောင်သူလယ်သမားထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိ နိုင်ရေးအတွက် မီဒီယာနည်းလမ်းပေါင်းစုံကို အသုံးချဆောင်ရွက်သင့် ပါသည်။ လက်ကိုင်ဖုန်းများသုံးစွဲမှု ကျယ်ပြန့်ကြီးမားလာခြင်းနှင့်အတူ ပြည်သူများအတွင်း အင်တာနက်သုံးစွဲမှုအလေ့အကျင့်သည်လည်း အရှိန် ရလာသည်ဖြစ်၍ တောင်သူလယ်သမားတို့အား အင်တာနက်မှတစ်ဆင့် အသိပညာပေးခြင်းကိုလည်း စတင်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ပါ သည်။ ပြည်တွင်းသို့ ဝင်ရောက်လာသော ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး တို့နှင့်ပတ်သက်၍လည်း တောင်သူလယ်သမားတို့အား အချိန်နှင့်တစ်ပြေး ညီ အချက်အလက်တို့ ထုတ်ပြန်ပေးနိုင်ရေးကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်သင့်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ကျင့်သုံးသည့်လက်မှတ်များ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပေးနိုင်ရုံသာမက အော်ဂဲနစ်သီးနှံများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်ရောင်းချ နိုင်ရေးကိုပါ အမျိုးသားရေးဦးတည်ချက်အဖြစ် ချမှတ်အကောင်အထည် ဖော်သင့်ပါသည်။ တိုင်းပြည်အတွင်း ရေမြေရာသီဥတုကောင်းမွန်၍ မျိုးရိုးစဉ်ဆက် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးတို့ သုံးစွဲခြင်းမရှိသည့် သဘာဝအလျောက် ဖြစ်ထွန်းနေသော အော်ဂဲနစ်သီးနှံများ ထွက်ရှိလျက် ရှိပါသည်။ အဆိုပါ အော်ဂဲနစ်သီးနှံတို့အတွက် ဈေးကွက်ရရှိရေးနှင့် မိရိုးဖလာ အော်ဂဲနစ်စိုက်ပျိုးရေး ဆက်လက်တည်တံ့အားကောင်းစေ ရေးအတွက် နိုင်ငံတော်မှ မူဝါဒချမှတ်ဆောင်ရွက်ပေးပါရန် လေးစားစွာ အကြံပြုတင်ပြအပ်ပါသည်။ ။

No comments:

Post a Comment