Saturday, January 28, 2017

ပန်းဘဲတန်းမြို့နယ်အတွင်းရှိ ဆောက်လက်စအဆောက်အအုံ၌ မီးလောင်မှုဖြစ်ပွား

Image may contain: one or more people, crowd and outdoor
ရန်ကုန် ဇန်နဝါရီ ၂၇
ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အတွင်းရှိ ဆောက် လက်စအဆောက် အအုံ၌ ဇန်နဝါရီ ၂၇ ရက်မွန်းလွဲပိုင်း က မီးလောင်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၇ ရက်မွန်းလွဲ ၁၂ နာရီခွဲက ပန်းဘဲတန်းမြို့နယ် အမှတ်(၂)ရပ်ကွက် ရွှေတိဂုံဘုရား လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ရွှေတောင်ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်နေသည့် ဆောက်လက်စ Junction City Tower အဆောက်အအုံ၊ အကျယ် အဝန်းပေ(၅၈ဝx၂၅ဝ)၊ Basement နှစ်ထပ်+အာရ်စီ (၂၃)ထပ်၏ Basement(2) ရှိ WiFi အင်တာနာ ပစ္စည်းများနှင့် တယ်လီဖုန်းကေဘယ် ကြိုးများ သိုလှောင်ထားသည့် (၁၂x၂ဝ)ပေ အခန်း၌ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ်ဦးစီး ဌာနမှ မွန်းလွဲ၁၂ နာရီ မိနစ် ၄ဝ တွင် မီးလောင်နေကြောင်း သတင်းအရ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှညွှန်ကြားရေးမှူး ဦးကျော်သူရနှင့် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီး မှူး ညွှန်ကြားရေးမှူးဦးကြည်ဝင်း တို့၏အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်များမှ မီးငြှိမ်းသတ်ယာဉ် ၂၄ စီး၊ အထောက်အကူပြု ယာဉ် ၁၂ စီး၊ ကွပ်ကဲမှုယာဉ် ငါးစီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၁၇၃ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၄ဝ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် ၇ဝ တို့ဖြင့် မီးငြှိမ်း သတ်ခဲ့ကြရာ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၃၃ မိနစ်တွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်းသိရပြီး မီးလောင်မှု အားဝန်ထမ်းများက မီးသတ်ဆေးဘူး ၁၂ ဘူးဖြင့်လည်း ကနဦး မီးငြှိမ်း သတ်ခဲ့ကြောင်းသိရသည်။
မီးလောင်မှုကြောင့် တယ်လီဖုန်း ကေဘယ်ကြိုးအနည်းငယ်နှင့် မတပ် ဆင်ရသေးသည့် WiFi အင်တာနာပစ္စည်းများမီးလောင်ခဲ့ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားရသည့် အရေးယူ ခံရသူနှင့် (ပ) နံပါတ်တို့ကို စုံစမ်း စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ - ဌေးအောင်(ကြေးမုံ)

No comments:

Post a Comment