Tuesday, January 31, 2017

ဘာသာရေးအဆောက်အအုံအတွင်း ဝတ်ပြုနေသူများအား သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်သည့် အကြမ်းဖက်မှုဖြစ်ပွား

Image may contain: one or more people and outdoor

ကွီဘက် ဇန်နဝါရီ ၃ဝ

ကနေဒါနိုင်ငံ ကွီဘက်ရှိ ဘာသာရေး အဆောက်အအုံတစ်ခုတွင် တနင်္ဂနွေနေ့ က ညပိုင်း ဆုတောင်းဝတ်ပြုနေသူများ အား သေနတ်သမားတစ်ဦးက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ အဆောက်အအုံအတွင်းရှိ လူခြောက်ဦး သေဆုံးခဲ့ပြီး ရှစ်ဦးမှာ ထိခိုက်ဒဏ် ရာများရရှိခဲ့ကြောင်း သိရသည်။ ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင်ထရူဒီရူက အဆိုပါ သေနတ်ပစ်ခတ်မှုကို အစ္စလာမ်ဘာသာ ဝင်များအား အကြမ်းဖက်တိုက်ခိုက်မှုတစ် ခုဟု အမည်ပေးခဲ့သည်။
တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်ဟု သံသယရှိသူနှစ်ဦးကို ဖမ်းဆီးထားပြီ ဖြစ်သော်လည်း အသေးစိတ်အချက် အလက်များကို ဖော်ပြနိုင်ခြင်းမရှိသေး ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဘာသာရေးအဆောက်အအုံ၏ အကြီး အကဲဖြစ်သူက သေနတ်သမားသုံးဦးသည် အစ္စလာမ်ဘာသာဝင်များ ဝတ်ပြု ကိုးကွယ်ရာဖြစ်သည့် ကွီဘတ်ဘာသာ ရေးအဆောက်အအုံအတွင်း စုဝေး ရောက်ရှိနေသည့် ဆုတောင်းဝတ်ပြုသူ များအား သေနတ်များဖြင့် တရစပ်ပစ် ခတ်ခဲ့သည်ဟု မျက်မြင်သက်သေ တစ်ဦးက ဖြေကြားခဲ့ကြောင်း၊ သေနတ် ပစ်ခတ်မှုကြောင့် လူငါးဦးသေဆုံးခဲ့ ကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် ရဲတပ်ဖွဲ့ကမူ သေနတ်ပစ်ခတ်မှုတွင် လူနှစ်ဦးသာပါဝင်ကြောင်း ပြောကြား ခဲ့သည်။
ကွီဘတ်ပြည်နယ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခရစ္စတင်းကိုလ်ဘီက ယခုအခါ လူခြောက်ဦး သေဆုံးကြောင်း ကို အတည်ပြုခဲ့ပြီး လူရှစ်ဦးဒဏ်ရာ ရရှိကာ ၃၉ ဦးမှာ ထိခိုက်မှုမရှိကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် ဂျပ်စတင် ထရူဒီရူက ဆုတောင်းဝတ်ပြု သူများနှင့် ခိုလှုံသူများရှိရာ အချက် အချာနေရာတွင် အစ္စလာမ်ဘာသာ ဝင်များအားပစ်မှတ်ထား လုပ်ဆောင် ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုကို အကြီးအကျယ် ကဲ့ရဲ့ ရှုတ်ချကြောင်း ပြောဆိုခဲ့သည်။
(ရိုက်တာ)

No comments:

Post a Comment