Tuesday, January 31, 2017

လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် တပ်မတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆောင်ရွက်နေမှု ရှင်းလင်းပြောကြား

Image may contain: 1 person, sitting

နေပြည်တော် ဇန်နဝါရီ ၃ဝ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီးH.E.Mrs. Karen MacArthur အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်၏ဆန္ဒဖြစ်သည့် မိမိတို့သွားနေသည့် နိုင်ငံရေးလမ်းကြောင်းတွင် တည်တည်ငြိမ်ငြိမ်ဖြင့် ကမ္ဘာ့အလယ်တွင် ခိုင်မာစွာရပ်တည်နိုင်ရန် မျှော်မှန်း ထားရှိမှု၊ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် တပ်မတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ ဆောင်ရွက်နေမှုတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ဧည့်သည်တော်သံအမတ်ကြီးက မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုနှင့် လူမှုစီးပွားဖွံ့ဖြိုးမှုအတွက် ကနေဒါ နိုင်ငံမှ ပူးပေါင်းဆောင်ရွက်နေမှု၊ ရေအားလျှပ်စစ်လုပ်ငန်း အပါအဝင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ် မည့်အခြေအနေ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းဆွေးနွေးသည်။
(သတင်းစဉ်)

No comments:

Post a Comment