Saturday, January 28, 2017

ပူတင်နှင့် ထရန့် တယ်လီဖုန်းဆက်သွယ်ပြောဆိုမည်



Image may contain: 2 people, people smiling
မော်စကို ဇန်နဝါရီ ၂၇
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့် တို့ စနေနေ့တွင် ပထမဆုံးအကြိမ် တယ်လီဖုန်းဆက်သွယ်ပြောဆိုမည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်က ပြောကြားသည်။
ခေါင်ဆောင်နှစ်ဦးသည် မည်သည့် ကိစ္စရပ်များဆွေးနွေးမည်ဆိုသည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ တယ်လီ ဖုန်းဆက်မည့်အကြောင်းကိုသာပြော ရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ် ကော့ဗ်က သောကြာနေ့တွင် ပြောကြားသည်။
ပူတင်က ထရန့် ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ဂုဏ်ယူဝမ်းမြောက်မည် ဖြစ်ကြောင်းနှင့် ၎င်းတို့နှစ်ဦး ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း လွန်ခဲ့သည့်သီတင်းပတ်တွင် မီဒီယာများသို့ ပြောကြားသည်။
ယူကရိန်းနိုင်ငံအရေးနှင့် ပတ်သက်ပြီး သမ္မတဟောင်း အိုဘားမား က ရုရှားနိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုများ ပြုလုပ်လိုက်ပြီးနောက် ရုရှား- အမေရိကန်ဆက်ဆံရေးသည် စစ်အေးခေတ် နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိခဲ့သည်။
အမေရိကန်ရှိ လူအတော်များများက ရုရှားနိုင်ငံသည် ရွေးကောက်ပွဲတွင် ဆိုက်ဘာတိုက်ခိုက်မှုများပြုလုပ်ပြီး ထရန့် အနိုင်ရရှိစေရန်ကူညီခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ရုရှားနိုင်ငံအပေါ် စိုးရိမ်မှုများရှိနေကြသည်။
သမ္မတသစ် ဒေါ်နယ်လ်ထရန့်သည် ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ်စစ်သွေးကြွများကို ရုရှားနိုင်ငံနှင့် ပူးပေါင်းတိုက်ခိုက်သွားရန်ဆန္ဒရှိကြောင်း ပြသလျက်ရှိသည်။ နှစ်နိုင်ငံကြား မပြေမလည်ဖြစ်နေသော ဆက်ဆံရေးကို ခေါင်းဆောင်နှစ်ဦးက မည်ကဲ့သို့ ပြုပြင်ပြောင်းလဲသွားနိုင်မလဲဆိုသည်ကို အားလုံးက စောင့်ကြည့်နေကြသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment