Saturday, January 28, 2017

ရန်ကုန်မြို့၌ နိုင်ငံတကာနည်းပညာပြပွဲ ကျင်းပ



Image may contain: 13 people, people standing
ရန်ကုန် ဇန်နဝါရီ ၂၇
စက်မှုဝန်ကြီးဌာနက ကြီးမှူး၍ မြန်မာနိုင်ငံ၏ အနာဂတ်စက်မှုနည်းပညာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပသော နိုင်ငံတကာ နည်းပညာပြပွဲကြီး (International Technology & Industry Show - 2017 Yangon) ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ယနေ့နံနက် ၈ နာရီက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အဆိုပါပြပွဲကို ကမ္ဘောဇဘဏ် လီမိတက်မှ Main Sponsor အဖြစ် တာဝန်ယူကျင်းပခြင်းဖြစ်ပြီး ပြခန်းပေါင်း ၅ဝ ကျော်ဖြင့်ဌာနဆိုင်ရာ ထုတ်ကုန်ပစ္စည်းများနှင့်အတူ ပြည်တွင်း ပြည်ပမှ စက်မှုလုပ်ငန်းသုံး အဆင့်မြင့် နည်းပညာများနှင့် ကုန်ပစ္စည်းများကို စည်ကားသိုက်မြိုက်စွာ ပြသထားပြီး ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုလေ့လာဝယ်ယူနိုင်ကြောင်း သိရသည်။
(ဝ၁ဝ)

No comments:

Post a Comment