Saturday, January 28, 2017

တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ ကမ္ဘာတစ်ဝန်းဆင်နွှဲ



Image may contain: 2 people
ပေကျင်း ဇန်နဝါရီ ၂၇
တရုတ်လူမျိုးတို့၏ ရိုးရာအစဉ်အလာအရ နှစ်စဉ်ကျင်းပသော နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲများကို စတင်ကျင်းပ လျက်ရှိကြောင်း၊ နွေဦးရာသီပွဲတော် အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲများနှင့်လှုပ်ရှားမှုများတွင် ကမ္ဘာတစ်ဝန်းလုံးမှ ပြည်သူသန်းပေါင်းများစွာ ပါဝင်ဆင်နွှဲကြမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်သည်။
တရုတ်ရိုးရာရာသီ၏ ၁၂ နှစ်သက်တမ်းရှိ ရာသီစက် ဝန်းအရ ယခုနှစ်တွင် ကြက်ဖကြီးနှစ်အတွင်းသို့ ဝင်ရောက်သည်။ ဇန်နဝါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၁၅ ရက်အထိကို နှစ်သစ်ကူးကာလအဖြစ် သတ်မှတ်ထားသည်။
ဇန်နဝါရီ ၂၈ ရက်တွင် ကျရောက်သော နှစ်သစ်ကူးနေ့အကြိုကာလမှစ၍ နိုင်ငံတကာရှိ အစိုးရအဖွဲ့များက တစ်ကမ္ဘာလုံးရှိ တရုတ်နှစ်သစ်ကူးပွဲတော်နွှဲပျော်သူများ အားလုံးအတွက် ဝမ်းမြောက်သဝဏ်လွှာများပေးပို့လျက် ရှိကြသည်။
တစ်ကမ္ဘာလုံး၌ တရုတ်နှစ်သစ်ကူးပွဲတော်နွှဲပျော်သူများအား ဆုတောင်းမေတ္တာပေးပို့အပ်ပါကြောင်းဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက အစိုးရဝက်ဘ်ဆိုက်မှတစ်ဆင့် သဝဏ်လွှာပေးပို့ခဲ့သည်။
တရုတ်နှင့်ဗြိတိန်နိုင်ငံအကြား ဆက်ဆံရေးခိုင်မာ တိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် ဝန်ကြီးချုပ်မေက ကတိပြုသည်။
ဗြိတိန်နိုင်ငံ၌ တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုသည် အခြားမည်သည့်ဥရောပနိုင်ငံတစ်နိုင်ငံနှင့်မဆို နှိုင်းယှဉ်ပါ က ပိုမိုများပြားကြောင်း၊ မိမိတို့နိုင်ငံ၌ပညာဆည်းပူးလျက် ရှိသော ကျောင်းသူ၊ ကျောင်းသားဦးရေမှာ ၁၅ဝဝဝဝ ခန့်ရှိကြောင်း၊ တရုတ်လူမျိုးကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်မှုမှာ ငါးနှစ်အတွင်း နှစ်ဆမြင့်တက်လာကြောင်း ဗြိတိန်အစိုးရ၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ဆင်ဟွာ။

No comments:

Post a Comment