Tuesday, January 31, 2017

မိန်းမလှကျွန်းတောရိုင်းတိရ္ဆာန်ဘေးမဲ့တောကို မြန်မာနိုင်ငံ၏ တတိယမြောက် ရမ်ဆာဒေသအဖြစ် သတ်မှတ်တော့မည်

Image may contain: 2 people, indoor

နေပြည်တော် ဇန်နဝါရီ ၃ဝ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာနနှင့် နော်ဝေနိုင်ငံ ပတ်ဝန်းကျင် ရေးရာအေဂျင်စီ(NEA)တို့ ပူးပေါင်း ကျင်းပသည့် ရေဝပ်ဒေသဆိုင်ရာ လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ရေး အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက သစ်တောဦးစီးဌာန òန်ကြားရေး မှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးခင်မောင်ရီ တက်ရောက် အမှာစကားပြောကြားသည်။
ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံ ရေဝပ်ဒေသများသည် နိုင်ငံဖွံ့ဖြိုးတိုး တက်ရေး၊ ရာသီဥတု တည်ငြိမ်ရေးတို့ အတွက် အလွန်အရေးပါ၍ ရေရှည် တည်တံ့စေရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သော်လည်း အဆင့် အတန်းကျဆင်းလာရခြင်းမှာ အဓိက အားဖြင့် လူများ၏ လုပ်ဆောင်မှုများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံမှု အစီအမံများ လုံလောက်မှုမရှိသော ကြောင့် ဖြစ်သည်။
၂ဝ၁၆ ခုနှစ်သည် မြန်မာနိုင်ငံ ရေဝပ်ဒေသထိန်းသိမ်းရေးတွင် အရေးပါ သောနှစ်တစ်နှစ်ဖြစ်သည်။ မြန်မာနိုင်ငံ ဒုတိယမြောက် ရမ်ဆာဒေသကို အင်းတော်ကြီး တောရိုင်းတိရ္ဆာန် ဘေးမဲ့တောတွင် သတ်မှတ်နိုင်ခဲ့ပြီး တတိယမြောက် ရမ်ဆာဒေသအဖြစ် မိန်းမလှကျွန်း တောရိုင်းတိရ္ဆာန် ဘေးမဲ့ တောကို အဆိုပြုနိုင်ခဲ့ပါသည်။ တစ်ဖန် ရေဝပ်ဒေသထိန်းသိမ်းစီမံအုပ်ချုပ်ခြင်း ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ (National Wetland Committee)ကိုဖွဲ့စည်းနိုင်ခဲ့ပြီး ရေဝပ်ဒေသများကို ရေရှည်တည်တံ့စွာ အသုံးပြုခြင်းနှင့် စီမံအုပ်ချုပ်မှု မြှင့်တင်ခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ရေဝပ်ဒေသမူဝါဒ (မူကြမ်း)ကလည်း ရေးဆွဲနိုင်ခဲ့သည်။
မိန်းမလှကျွန်း တောရိုင်းတိရ္ဆာန် ဘေးမဲ့တောကိုလည်း မြန်မာနိုင်ငံ၏ တတိယမြောက် ရမ်ဆာဒေသအဖြစ် သတ်မှတ်ကြောင်းကို လာမည့် ဖေဖော် ဝါရီ ၂ ရက်တွင်ကျင်းပမည့် က္ဘာ့ရေဝပ် ဒေသများနေ့ အထိမ်းအမှတ်အခမ်းအနား မှာ ထုတ်ပြန်မည်ဖြစ်သည်။ ရေဝပ်ဒေသ များကို ရေရှည်တည်တံ့စွာ အသုံးပြုခြင်း နှင့် စီမံအုပ်ချုပ်မှုမြှင့်တင်ခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်ကို အကောင်အထည် ဖော်နိုင်ရန် ယနေ့အစည်းအဝေးသည် အရေးပါသည့် အလှည့်အပြောင်းတစ်ခု ဖြစ်သည်။ ရမ်ဆာကွန်ဗင်းရှင်းအပေါ် ထားရှိရမည့် ကတိကဝတ်များကို ဖြည့် ဆည်းရန်နှင့် ဆက်စပ်သူများအားလုံး ပါဝင်မှုဖြင့် ရေဝပ်ဒေသများ၏ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရာသီဥတု ပြောင်းလဲမှုလျော့နည်းရေးအခန်းကဏ္ဍကို အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment