Tuesday, January 31, 2017

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကဏ္ဍကိုးခုနှင့်စပ်လျဉ်း၍ ဆွေးနွေး

Image may contain: 1 person, standing

နေပြည်တော် ဇန်နဝါရီ ၃ဝ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဟိရိုတို အိဇုမိ အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်က မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက် လျက်ရှိသည့်ကဏ္ဍကိုးခုနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက် ထားရှိမှုနှင့် အနာဂတ်တွင် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်း များအားရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။
မြန်မာ - ဂျပန် နှစ်နိုင်ငံအကြား ကျေးလက်ဒေသ စိုက်ပျိုး ရေးနှင့် အခြေခံအဆောက်အအုံကဏ္ဍဖွံ့ဖြိုးရေး၊ ပညာရေးကဏ္ဍ အရည်အသွေးမြှင့်တင်ရေးနှင့် အလုပ်အကိုင်ဖန်တီးရေး၊ မြို့ပြ စက်မှုလုပ်ငန်းများကဏ္ဍဖွံ့ဖြိုးရေး၊ ကျေးလက်နှင့်မြို့ပြ ဆက်သွယ်သည့် ပို့ဆောင်ရေးကဏ္ဍ တိုးတက်ရေး၊ စက်မှုကဏ္ဍဖွံ့ဖြိုးရေးအတွက် စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ မြို့ပြအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ အစိုးရနှင့် ပုဂ္ဂလိကငွေကြေးကဏ္ဍ တိုးတက်မှုရှိစေရေး၊ စာတိုက်နှင့် ဆက်သွယ်ရေးကဏ္ဍ တိုးချဲ့ဆောင်ရွက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ အဆင့်မြှင့်တင်ရေးစသည့် ကဏ္ဍကိုးခုတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (သတင်းစဉ်)

No comments:

Post a Comment