Tuesday, January 31, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်အား လက်ခံတွေ့ဆုံ

Image may contain: 12 people, people standing, suit and indoor

နေပြည်တော် ဇန်နဝါရီ ၃ဝ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဟိရိုတို အိဇုမိ အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန် ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် မြန်မာ-ဂျပန်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မြဲရေး၊ မြန်မာနိုင်ငံတွင် ဂျပန်စီးပွားရေး လုပ်ငန်း ရှင်များ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရေးနှင့် ဂျပန် နိုင်ငံမှ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တွင် ဆက်လက်ပါဝင်ကူညီသွားမည့် အစီ အစဉ်များကို ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း၊ ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment