Wednesday, January 4, 2017

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းစည်းဝေး

Image may contain: 6 people, people sitting, table and indoor


နေပြည်တော် ဇန်နဝါရီ ၃

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂ဝ၁၇)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်အမှာစကား ပြောကြားရာတွင် အစိုးရသစ်လက်ထက် မေလကုန်တွင် ဤဗဟိုကော်မတီကို ဖွဲ့စည်း ခဲ့ခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စသည် များစွာသိမ်မွေ့ နက်နဲကျယ်ပြန့်ပြီး အရေးကြီးလှသည့်အတွက် ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒေါက်တာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ယခင်က တည်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ အောက်တိုဘာ ၉ ရက်တွင် အကြမ်းဖက် တိုက်ခိုက် ခံရမှု ဖြစ်ပေါ်လာခဲ့ပြီးနောက် မောင်တောဒေသအရေးကိစ္စ ရှေ့တန်းရောက်လာခဲ့ ကြောင်း၊ မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးကို လတ်တလောဦးစားပေး ဆောင်ရွက် လျက်ရှိသော်လည်း ရခိုင်ပြည်နယ်တစ်ခုလုံးအရေးကိစ္စကိုလည်း ဆက်လက်ဆောင် ရွက်နေကြောင်း၊ အခြေအနေများကိုလေ့လာကြည့်လျှင် တည်ငြိမ်အေးချမ်းစပြုလာ လျှင် နောက်ထပ် ပြဿနာအသစ်တစ်ခု ထပ်မံဖြစ်ပေါ်လာလေ့ရှိသည်ကို သတိရှိရှိ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြဿနာများဖြစ်ပေါ်လာလျှင် မှန်ကန်သည့် လမ်းကြောင်းပေါ်မှ ရပ်တည်ဖြေရှင်းဆောင်ရွက်သွားရမည်သာဖြစ်ကြောင်း၊ စွပ်စွဲ ပြောကြားမှုများကို လက်တွေ့လုပ်ဆောင်ချက်များကို အခြေခံသည့်အမှန်တရားဖြင့် တုံ့ပြန်သွားရန် ဖြစ်ကြောင်း၊ ဗဟိုကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များကို အဆင့်ဆင့် တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရန် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူးက ယခင်အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ရခိုင်ပြည်နယ်၏ လက်ရှိ အခြေအနေများ၊ ဝန်ကြီးဌာန အလိုက် သက်ဆိုင်ရာကဏ္ဍများကို ဖြည့်ဆည်းဆောင်ရွက်နေမှုနှင့် ပြီးစီးမှုအခြေ အနေများကိုလည်းကောင်း၊ ဝန်ကြီးဌာနများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးအစီအစဉ်အလိုက် ဆက်လက်ဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအမံများ ကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။

ထို့အပြင် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင် ရွက်ပေးနေမှု၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များနှင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက လုံခြုံရေးဆိုင်ရာများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင် ရွက်နေမှုနှင့် ဠြဃ ကတ် ထုတ်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။

ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတို့က ကော်မတီအလိုက် လုပ်ငန်းများဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းလင်းတင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌများ၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ရခိုင် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ (သတင်းစဉ်)

No comments:

Post a Comment