Wednesday, January 4, 2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် အီဂျစ်နိုင်ငံ သံအမတ်ကြီးနှင့်အီတလီ-မြန်မာ ချစ်ကြည်ရေးအသင်းဝင် အီတလီလွှတ်တော်အမတ်ဟောင်းတို့အား လက်ခံတွေ့ဆုံ



Image may contain: 3 people, people sitting, table and indoor
နေပြည်တော် ဇန်နဝါရီ ၃
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Khaled Mohamed Abdelrahman Abdelsalam အား ယနေ့ မွန်းလွဲ ၂ နာရီတွင်လည်းကောင်း၊ အီတလီ - မြန်မာချစ်ကြည်ရေး အသင်းဝင်၊ အီတလီလွှတ်တော်အမတ်ဟောင်း Ms. Albertina Soliani အား ယနေ့ ညနေ ၃ နာရီတွင်လည်းကောင်း နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အီဂျစ်သံအမတ်ကြီးနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံအစိုးရ၊ လွှတ်တော်နှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အီတလီ-မြန်မာ ချစ်ကြည်ရေးအသင်းဝင်၊ အီတလီလွှတ်တော်အမတ် ဟောင်းနှင့် တွေ့ဆုံစဉ် အီတလီ-မြန်မာ ချစ်ကြည်ရေးအသင်းအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေမှုများ၊ နှစ်နိုင်ငံအစိုးရ၊ လွှတ်တော်နှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖော်ဆောင်သွားနိုင်ရေးတို့နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment