Wednesday, January 4, 2017

ပရီမီယာလိဂ်ပွဲစဉ် ဇယားရေးဆွဲမှုကို နည်းပြဝင်းဂါး အပြင်းအထန်ဝေဖန်ခဲ့


Image may contain: one or more people
အာဆင်နယ်နည်းပြ ဝင်းဂါးက ပရီမီယာလိဂ်ပွဲစဉ်ဇယားရေးဆွဲမှုမှာ မညီမမျှဖြစ်နေပြီး ယခုနှစ် ပွဲစဉ်ဇယားရေးဆွဲမှုသည် အာဆင်နယ်နည်းပြအဖြစ် တာဝန်ယူခဲ့သည့် နှစ်၂ဝ အတွင်းမှာပင် အဆိုးရွားဆုံးဖြစ်သည်ဟု ဇန်နဝါရီ ၃ ရက်တွင် ဝေဖန်ပြောကြားလိုက်သည်။
အာဆင်နယ်အသင်းသည် ဇန်နဝါရီ ၁ ရက်တွင် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ကစားပြီး နောက် ၄၈ နာရီအကြာတွင် ဘုန်းမောက်အသင်းအသင်းကို အဝေးကွင်းတွင် သွားရောက်ရင်ဆိုင်ရဦးမည်ဖြစ်သော်လည်း ဦးဆောင်သူ ချယ်လ်ဆီးကမူ ဒီဇင်ဘာ ၃၁ ရက်တွင် စတုတ် စီးတီးနှင့် ကစားပြီး ဇန်နဝါရီ ၄ ရက်မှ စပါးအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ချယ်လ်ဆီး နှင့် အာဆင်နယ်အသင်းတို့၏ ပွဲစဉ်ဇယား အခြေအနေကို နှိုင်းယှဉ်ကြည့်လျှင်ပင် ပွဲစဉ်ဇယား ရေးဆွဲမှုက ချယ်လ်ဆီးကို အသာရအောင်ရေးဆွဲထားသကဲ့သို့ဖြစ်နေပြီး ချယ်လ်ဆီးအသင်း၏ ပရီမီယာလိဂ်ဖလားရရှိရး အိပ်မက်ကို ပံ့ပိုးပေးနေသလို ရှိနေသည်။
ဝင်းဂါးက ယခုနှစ်ဘောလုံးရာသီ ခရစ္စမတ်ကာလ ပွဲစဉ်ရေးဆွဲမှုသည် သူကြုံဖူးသမျှ ထဲတွင် မညီမျှဆုံး ပွဲစဉ်ဇယား ရေးဆွဲမှုဖြစ်ပြီး အသင်းတစ်ခုနှင့် တစ်ခုကြား ကွာဟချက်ကြီးမား စွာရှိနေသလို ရုပ်သံထုတ်လွှင့်ရေးသဘောတူစာချုပ်အပေါ် အလေးထားလွန်းသောကြောင့် မမျှမတ ပိုမိုဖြစ်လာရခြင်းဖြစ်သည်ဟုလည်း သုံးသပ်ပြောကြားလိုက်သည်။
စစ်တမ်းများအရ ချယ်လ်ဆီးအသင်းသည် ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလ ကစားသည့် ပွဲစဉ်သုံးပွဲကြားတွင် အချိန်ကာလအကြာဆုံး နားရသည့်အသင်းဖြစ်ပြီး ဆောက်သမ်တန်အသင်းမှာ နားချိန် အနည်းဆုံး အသင်းဖြစ်နေသည်ကို တွေ့ရသည်။
(မေလဲ့သင်း)

No comments:

Post a Comment