Tuesday, January 31, 2017

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပြန်လည်စတင်၊ စိုက်ပျိုးရေးဆိုင်ရာများ မေးမြန်းဆွေးနွေး

Image may contain: one or more people


နေပြည်တော် ဇန်နဝါရီ ၃ဝ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော် ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့ လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင် တပ်မတော် သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ငါးဦးတို့က ကတိသစ္စာပြုခြင်းနှင့် ကတိ သစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုး ခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယနေ့ကာလသည် အမျိုးသားရေး ရည်မှန်းချက်ပန်းတိုင် ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် အလေးထားကြိုးပမ်း ဆောင်ရွက်နေဆဲ ကာလဖြစ်၍ လွှတ်တော်ကိုယ်စားလှယ် များကလည်း ဥပဒေပြုရေးမဏ္ဍိုင်ကို ကိုယ်စားပြုကာ ဒီမိုကရေစီစံချိန်စံòန်း များနှင့်အညီ ဝိုင်းဝန်းကြိုးပမ်း ဆောင် ရွက်ကြရမည် ဖြစ်ပါကြောင်း။
လွှတ်တော်များ၏ သဘောသဘာဝ အတိုင်း သဘောကွဲလွဲခြင်း၊ အမြင်မတူညီ ခြင်းများရှိကြသော်လည်း မိမိတို့ အားလုံး သည် အမျိုးသားအကျိုးစီးပွားကို ရှေးရှု၍ ဆွေးနွေးညှိနှိုင်းကြပြီး စည်းလုံးညီညွတ် စွာ ဆုံးဖြတ်ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း။
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ကြမည့် ခရီးလမ်း၏ အရေး အကြီးဆုံး အရွေ့တစ်ခုဖြစ်သော ထာဝရ ငြိမ်းချမ်းရေးရရှိနိုင်ရန်အတွက် တိုင်းရင်း သားညီအစ်ကို မောင်နှမများအားလုံး ငြိမ်းချမ်းရေးအတွက် စုပေါင်းဆွေးနွေး အဖြေရှာနေကြသည့်ကာလတွင် မိမိတို့ ကိုယ်စားလှယ်များ အနေဖြင့်လည်း အချင်းချင်း စိတ်ဝမ်းကွဲပြားစေမည့်၊ အထင်အမြင်လွဲမှားစေမည့် အပြုအမူ၊ အပြောအဆိုများကို သတိပြုရှောင်ရှား စေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးနှင့် စတုတ္ထပုံမှန်အစည်း အဝေးကြားကာလအတွင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စား လှယ်များ၏ ပြည်ပခရီးစဉ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ချက်များကို ပြည်သူ့လွှတ်တော်သို့ အသိပေးတင်ပြ ခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ဆောင် ရွက်ရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့၏ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှ ၂၇ ရက်အထိ ဗြိတိန်နိုင်ငံသို့ သွားရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်နှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့၏ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၈ ရက်မှ ၂၁ ရက်အထိ လာအိုနိုင်ငံသို့ သွားရောက် ခဲ့သည့် လေ့လာရေးခရီးစဉ်များကို လွှတ်တော်သို့ အသိပေးခြင်း၊ မှတ်တမ်း တင်ခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် အိမ်မဲ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သ္တာ၏ ယခုနှစ် မိုးရာသီတွင် ရေနစ်မြုပ်ခဲ့သည့် ဒေသများရှိ ပျက်စီးခဲ့သော လယ်ယာများ အတွက် မျိုးစပါးများ ကူညီခဲ့သော်လည်း စိုက်ပျိုးချိန်မမီတော့သည့် တောင်သူ လယ်သမားများကို ဆောင်းသီးနှံနှင့် နွေစပါးတို့အတွက် မျိုး(စပါး) ကူညီပေး ရန် အစီအစဉ် ရှိ /မရှိ မေးခွန်းအပေါ် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ရေကြီးနစ်မြုပ်ပျက်စီး၍ စပါးပြန်လည် မစိုက်ပျိုးနိုင်သော ဧရိယာများတွင် ဆောင်းသီးနှံ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ စိုက်ပျိုးမည့် တောင်သူများအတွက် မျိုးဝယ်ယူရရှိရေး၊ စိုက်ချိန်မှန်ကန်ရေး နှင့် မြေယာပြုပြင်ထွန်ယက်ရေးလုပ်ငန်း များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် နိုင်ရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ကျောင်းကုန်း မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း ၏ ၂ဝ၁၆ ခုနှစ် ၊ သြဂုတ်လအတွင်း မြစ်ရေ ကြီးမှုကြောင့် တောင်သူလယ်သမား များ၏ လယ်ယာမြေများ နစ်မြုပ်ပျက်စီး ဆုံးရှုံးခဲ့မှုအပေါ် နိုင်ငံတော်အစိုးရအနေ ဖြင့် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ သီးသန့်ရန်ပုံငွေအဖြစ် ထောက်ပံ့ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ဧရာဝတီ တိုင်းဒေသကြီးတွင် တာတမံများ ကြံ့ခိုင် တောင့်တင်းမှု အားနည်းသောကြောင့် မြစ်ရေကြီးခြင်းနှင့်အတူ လမ်းတံတား များ ပျက်စီးဆုံးရှုံးမှုများဖြင့် ကြုံတွေ့ခဲ့ရ ပါကြောင်း ၊ ထို့အတွက် ၂ဝ၁၆ ခုနှစ်တွင် ပျက်စီးခဲ့သည့် တာတမံများ ၊ လမ်းတံတား များ ပြန်လည်ပြင်ဆင်ရန် ၊ သီးနှံစိုက်ပျိုးမှု အတွက် အစားထိုးပြန်လည်စိုက်ပျိုးရန် နှင့် ရာသီချိန်နှင့် လိုက်လျောညီထွေ ရှိသည့် သီးနှံများ ပြောင်းလဲစိုက်ပျိုးရေး အတွက် လိုအပ်ရန်ပုံငွေကျပ် ၁၁ ဒသမ ၃၃၃ ဘီလီယံကျော်ကို သီးသန့်ရန်ပုံငွေမှ ကျခံဆောင်ရွက်ရန်အတွက် ခွင့်ပြုချက် ရရှိခဲ့ပါကြောင်း ၊ ၂ဝ၁၆ မိုးရာသီတွင် ပဲခူး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ စံချိန် တင် မြစ်ရေမြင့်တက်ခဲ့မှုကြောင့် ကျိုးပေါက်တာတမံများ အခိုင်အမာ ပြန်လည်ပြုပြင်ရေး ၊ ၂ဝ၁၇ ခုနှစ် မိုးရာသီ ရေဘေးအ္တရာယ် မဖြစ်စေရန်အတွက် ပြင်ဆင်ရန်လိုအပ်သည့် တာတမံများ ပြင်ဆင်ရေး စုစုပေါင်းလုပ်ငန်း ၁၈ ခု အတွက် $ငွေကျပ် သန်းပေါင်း ၄၁၉ဝ ဒသမ ၆၆၇ သန်း ခွင့်ပြုချက် ရရှိခဲ့ပါ ကြောင်း၊ သီးနှံအစားထိုး စိုက်ပျိုးနိုင်ရေး အတွက် သီးနှံအလိုက် ထောက်ပံ့ကြေး ငွေကျပ် သန်းပေါင်း ၄၇၄၉ ဒသမ ၃၈ဝ သန်း ခွင့်ပြုချက်ရရှိပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ငါးခုတွင် ပျက်စီးခဲ့သည့် ကျေးလက်လမ်း၊ တံတားများအတွက် ငွေကျပ် သန်းပေါင်း ၁၂၂ဝ ဒသမ ၁၄ဝ သန်း၊ တံတားများအတွက် $ငွေကျပ် သန်း ပေါင်း ၁၂၅၁ ဒသမ ၁၆ဝ သန်း စုစုပေါင်း ရန်ပုံငွေ ငွေကျပ် သန်းပေါင်း ၁၁၃၃၃ ဒသမ ၁၂ သန်းကို ကျေးလက်ရန်ပုံငွေမှ ခွင့်ပြုချက်ရရှိပြီးဖြစ်၍ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား သည်။
ထို့အပြင် စေတုတ္တရာ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော် အောင်လွင်၊ ရပ်စောက်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင် မြင့်၊ မြစ်သားမဲဆန္ဒနယ်မှ ဒေါက်တာ ဦးလင်းလင်းကျော်နှင့် ကြို့ပင်ကောက် မဲဆန္ဒနယ်မှ ဦးဌေးမင်းသိန်းတို့ မေးမြန်း ကြသည့် လမ်း၊ ဆည်၊ ဆည်မြောင်း တာတမံကိစ္စရပ်များအပေါ် ဒုတိယ ဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ယင်းနောက် သာပေါင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်း လွန်ခဲ့သော နှစ် ၈ဝ ကျော် ကပင် ပြင်ဆင်သတ်မှတ်ခြင်းမပြုဘဲ စည်းကြပ်ကောက်ခံလျက်ရှိသော မြေခွန် နှုန်းထားများအပြင် ရေခွန် ၊ တာတမံခွန် များကိုလည်း ဈေးကွက်စီးပွားရေးနှင့် အညီ ပြောင်းလဲချိန်တန်ပြီဖြစ်၍ နိုင်ငံတော်ရှိ တောင်သူလယ်သမားများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေသော အခွန်နှုန်း ထားများကို ပြင်ဆင်သတ်မှတ်၊ စည်းကြပ် ကောက်ခံရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းရာ မြန်အောင်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က အဆိုအပေါ် ထောက်ခံဆွေးနွေးသည်။
ယင်းနောက် အဆိုအပေါ် လက်ခံ ဆွေးနွေးရန် သင့် မသင့် အဆုံးအဖြတ် ရယူရာ၌ လွှတ်တော်က ထောက်ခံသဖြင့် အဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်များရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ထို့နောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာ သော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံရရှိ ကြောင်းကို လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ အသိပေးသည်။
ယင်းနောက် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အစီရင်ခံစာတင်သွင်းပြီး ပြင်ဆင်ချက် အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ် များအနေဖြင့် အမည်စာရင်းတင်သွင်း နိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
(သတင်းစဉ်)

No comments:

Post a Comment