Monday, January 30, 2017

ဂျိုင်း-ကော့ကရိတ်တံတားပေါ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွား

No automatic alt text available.
ဘားအံ ဇန်နဝါရီ ၂၉
ကရင်ပြည်နယ်၏ အဓိက ဆက်သွယ်ရေးလမ်းကြောင်းနှင့် ကုန်သွယ်ရေး လမ်းကြောင်းပေါ် တွင်တည်ရှိသော ဂျိုင်း-ကော့ကရိတ်တံတားပေါ်တွင် ဇန်နဝါရီ ၂၉ ရက် နံနက် ၅ နာရီခွဲခန့်က ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့က ဘားအံ မှ ကော့ကရိတ်ဘက်သို့ မောင်းနှင်လာသော ၂၂ ဘီး အစ်ဇူဇူးတွဲကားသည် တံတားပေါ် ဖြတ်သန်းသွားစဉ် စလစ် ဖြစ်၍အရှိန်မထိန်းနိုင်ဘဲ တံတား ဘယ်ဘက်ခြမ်း အကန့် ၁၉ နှင့် ၂၁ ကိုတိုက်မိပြီး တံတား ယာဘက်ခြမ်းအကန့် ၂ဝ ကို ပွတ်တိုက်ကာ ဘယ်ဘက်ခြမ်း အကန့် ၂၂ ကိုထပ်မံတိုက်မိပြီး ကားခေါင်းမှာ တစ်တောင် ဆစ်ချိုးကွေ့လျက် ကျုံဒိုးဘက် ခြမ်း ချဉ်းကပ်လမ်းနှင့် ပေ ၂ဝ အကွာခန့်တွင် ရပ်တန့်ကာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွား ခဲ့သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် တံတားလက်ရန်းအကန့် ၁၉၊ ၂၁၊ ၂၂ တို့ ပျက်စီးသွားပြီး ယာဉ်ကြောပိတ်ဆို့လျက်ရှိသဖြင့် ယာဉ်ကြီးယာဉ်ငယ်များ ပုံမှန် သွားလာနိုင်ရေး ဂျိုင်းပွန်တွန်း (Pontoon)တံတားမှ ဖြတ်သန်း စေလျက်ရှိပြီး ယာဉ်မောင်းအား ကော့ကရိတ်မြို့နယ် ကျုံဒိုး ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment