Monday, January 2, 2017

တစ်ဖက်နိုင်ငံသို့ထွက်ခွာမည့် မသင်္ကာသူ ၂၅ ဦး ဖမ်းဆီးရမိ


Image may contain: 13 people
နေပြည်တော် ဇန်နဝါရီ ၁
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ပင်လယ်ပြင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ စစ် ရေယာဉ်သည် ယနေ့ နံနက် ၂ နာရီ မိနစ် ၅ဝ ခန့်တွင် မသင်္ကာဖွယ် လက်ခတ်လောင်းလှေ နှစ်စင်းအား တွေ့ရှိ သဖြင့် မီးအချက်ပြ၍ခေါ်ယူစဉ် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ လိပ်ရကျေးရွာ၏တောင်ဘက် မီတာ ၃ဝဝဝ ခန့်အကွာ၌ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ လောင်းလှေများပေါ်တွင် တစ်ဖက်နိုင်ငံ သို့ ထွက်ခွာမည့်သူ ၂၃ ဦးနှင့် လာရောက်ခေါ်ယူသည့် တစ်ဖက်နိုင်ငံသားနှစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ရာ တရားဥပဒေအရ စစ်ဆေးအရေးယူဆောင်ရွက်နိုင်ရန် မောင်တော မြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment