Tuesday, January 31, 2017

ထောင်နှင့်ချီသော ကန်နိုင်ငံသားများ လူဝင်မှုကြီးကြပ်ရေးဥပဒေသစ်ကို ဆန္ဒပြ

Image may contain: one or more people, crowd and outdoor


ဝါရှင်တန် ဇန်နဝါရီ ၃ဝ 

သမ္မတအိမ်ဖြူတော်ရှေ့တွင် ထောင်နှင့် ချီသော အမေရိကန်နိုင်ငံသားများသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ လူဝင်မှုကြီးကြပ်ရေး ဥပဒေသစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဒေါ်နယ်ထရန့်၏ ဆောင်ရွက်ချက် သည် မျှော်လင့်ထားသော ရလဒ်ရရှိမည် မဟုတ်ကြောင်း၊ ဆီးရီးယားအပါအဝင် ခြောက်နိုင်ငံကို ခရီးသွားခွင့်ပိတ်ပင် ထားခြင်းကြောင့် ဥပဒေလုပ်ငန်း ဆောင်ရွက်မှုများတွင် အနှောင့် အယှက်ဖြစ်ခဲ့ပြီး လေဆိပ်တွင်ခရီးသွားများစုပြုံနေခဲ့ကြောင်း ဂျော်ဂျီယာမှ အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့ လာသူတစ်ဦးက ပြောခဲ့သည်။
အမေရိကန်နိုင်ငံ အဓိကမြို့ကြီး များနှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များ တွင် ဒေါ်နယ်ထရန့်၏ လူဝင်မှုဥပဒေ သစ်နှင့်ပတ်သက်ပြီး ဆန္ဒပြမှုများ ဖြစ်ပေါ်လာခဲ့သည်။
ဒေါ်နယ်ထရန့်က မိမိအနေဖြင့် ဥပဒေသစ်ကို လက်မှတ်ရေးထိုးလိုက် ခြင်းသည် အမေရိကန်နိုင်ငံလုံခြုံရေးကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်ရန် အတွက်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဒေါ်နယ်ထရန့်သည် ဇန်နဝါရီ ၂၇ ရက်က ယင်းဥပဒေပြဋ္ဌာန်းချက်အသစ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ထိုပြဋ္ဌာန်းချက်အရ အမေရိကန်နိုင်ငံသည် ရက်ပေါင်း ၉ဝ အတွင်း အီရန်၊ ဆူဒန်၊ ဆီးရီးယား၊ လစ်ဗျား၊ ဆိုမာလီယာ၊ ယီမင်နှင့် အီရတ် နိုင်ငံသားများ အမေရိကန်နိုင်ငံတွင်းသို့ ဝင်ရောက်ခြင်းကို တားမြစ်မည်ဖြစ် ကြောင်း ဖော်ပြခဲ့သည်။
(ဆင်ဟွာ)

No comments:

Post a Comment